Ep 4 (Z)

2.9K 159 3
                                    

ထွန်းနိုင် မနက်အစောကြီးကတည်းက နိုးနေခဲ့သည်... ကလောမှာ ကိုကိုရောက်နေတယ် ဆိုသည့်အသိကြောင့် တစ်ညလုံးလဲ ကောင်းကောင်း အိပ်မပျော်ခဲ့... အိပ်ရာပေါ်မှာလှဲနေရင်း စားပွဲပေါ်မှ ကိုကိုပေးလိုက်သော ပီကေနှင့်သကြားလုံးထုပ်ကို ငေးကြည့်နေခဲ့မိသည်မှာ မိုးလင်းလုနီးပါး... လက်ခံဖို့အတွက် ထွန်းနိုင်စိတ်တို့လေးလံနေရသည်...

"အထွန်း နိုးနေပြီလား"

တံခါးခေါက်ပြီး မေးသံနှင့်အတူ မေမေက အခန်းထဲသို့ဝင်လာသဖြင့် ထွန်းနိုင်က လှဲနေရာမှထထိုင်လိုက်ရသည်... မေမေက ပြုတင်းပေါက်တွေကို လိုက်ဖွင့်ပေးပြီး ခုတင်ဘေးရှိ စာကြည့်စားပွဲတွင် ဝင်ထိုင်လိုက်သည်...

"အထွန်း ဒီနေ့ ဟိုတယ်ကို လိုက်ဦးမလားလို့"

ထွန်းနိုင် ခေါင်းရမ်းလိုက်မိသည်...

"မလိုက်တော့ပါဘူး မေမေ"

မေမေက သက်ပြင်းချလိုက်သည်... ထို့နောက် စားပွဲပေါ်မှ ကိုကိုပေးလိုက်သော မုန့်ထုပ်ကို ယူကြည့်လိုက်ပြီး...

"ဒါတွေက ကိုနေ့အုပ်ဂူကိုသွားကြည့်ပြီးမှ ကိုကိုက အထွန်းကိုပေးခဲ့တာလား"

ထွန်းနိုင်ခေါင်းညိတ်ပြလိုက်သည်... ဖေဖေဆုံးပြီးကာစ ကလောကိုပြောင်းလာပြီးတဲ့နောက်ပိုင်းမှာ မေမေက ထွန်းနိုင်ကို ပိုဂရုစိုက်လာပြီး ဘာမဆိုဖွင့်ပြောတိုင်ပင်ဖို့ လမ်းကြောင်းပေးလာခဲ့သည်... သူငယ်ချင်းရယ်လို့ များများစားစားလည်း မရှိခဲ့သည့် ထွန်းနိုင်အဖို့တော့ မွန်းကျပ်လွန်းသည့်အခါများတွင် မေမေ့ကိုပဲ မသိလိုက်မသိဘာသာ ရင်ဖွင့်မိတော့သည်... မေမေက ထွန်းနိုင် ကိုနေ့ကြောင့် ကိုကို့ဆီစာတွေရေးခဲ့ရဖူးမှန်းကိုလည်း သိထားသည်... မနေ့က ကိုကိုရောက်လာတာလည်း မေမေ့ကို ပြောပြဖြစ်ခဲ့သည်...

"ကျွန်တော် မယူပါဘူးမေမေ...ကိုကိုက အတင်းထားခဲ့တာနဲ့..."

"အထွန်း... မေမေ ခဏခဏ ပြောဖူးတာပဲထပ်ပြောချင်တယ်... ကြီးကြီးက အထွန်းကို ဘာပစ္စည်းဖြစ်ဖြစ် ကိုနေမပေးဘဲ မယူရဘူးလို့ ပြောခဲ့တာက ကိုနေပိုင်တဲ့ ပစ္စည်းတွေကိုပဲ ပြောတာပါ အထွန်းရယ်... ကိုနေ မပိုင်တော့တဲ့ အရာမျိုးတွေဆိုရင် အထွန်းလိုချင်ရင် ယူလို့ရပါတယ်... ဥပမာ ဒီသကြားလုံးတွေဆိုရင် ကိုနေမပိုင်ဘူးလေသားရဲ့... ကိုကိုက သားအတွက်ရည်ရွယ်ပြီး ဝယ်ပေးတာမို့ ဒါတွေက အထွန်း အပိုင်တွေပဲ"

The Stolen Heart (ပိုင်ရှင်/ပိုင္ရွင္)Where stories live. Discover now