Ep-(1)⛓

572 37 13
                                    

- လ၏အရောင်သည် ညအခါ၌ တောအုပ်ထဲသို့ ဖြာကျနေသည် ။ ထိုတောအုပ်ထဲတွင်လည်း ပုစဥ်းရင်ကွဲအော်သံများက နေရာအနှံ့ပင်။ ထိုအပြင် အသက်ရှူသံခပ်ပြင်းပြင်းနှင့် ခြေသံတလျပ်လျပ်ကိုလည်းကြားရသည်။ -

*ငါသွားမှဖြစ်မယ်....ငါဆက်သွားရမယ်။ "
"မလုပ်နိုင်ဘူး.... အဲ့လိုအိမ်မှာအလုပ်ဆက်မလုပ်နိုင်ဘူး။ သူက နေမကောင်းတဲ့လူဆိုတာထက်ကို ပိုတယ်။ ရူးနေတာ...ဟုတ်တယ်... သူကရူးနေတာ...."
"ငါဘာလို့ရွေးချယ်ခဲ့မိလည်း ငါမသိဘူး။
သေချာတာတော့ ဒီလိုလူမှန်းသိရင် ငါလာခဲ့မှာမဟုတ်ဘူး။ *

^Bang💥^

"အားး..s***! "

*မိသွားလို့မဖြစ်ဘူး...
ငါလည်းသူတို့လိုဖြစ်မှာလား။
ဟင့်အင်း....ငါသူတို့ကိုကြောက်တယ်။
အထူးသဖြင့်......

* Choi Beomgyu.....*
.
.
.
*Wild*
--------------------------------------------------------------------------

"Soobinie Samcheon!!!"

- အိမ်ရှေ့ကမဝင်ရသေးဘူး လမ်းထိပ်လောက်ထဲက ကိုယ့်နာမည်ကိုခေါ်ပြီးဝင်လာတဲ့ တူတော်မောင်ဂန်ထယ်ဟျွန်းအား ဆူဘင်းစိတ်ညစ်စွာ ထူးလိုက်သည်။ -

"ဘာလဲ!!!
ဘေးအိမ်တွေကခဲနဲ့ထုရင်မင်းကြောင့်...."

"ဘာလုပ်နေတာလဲ "

"ဆေးခန်းသွားဖို့ပြင်နေတာပေါ့ကွ။ "

"သားလည်းလိုက်ချင်တယ်...."

"မလိုက်ပါနဲ့....
ဘာလုပ်မှာလည်း....ရှုပ်တယ်"

"သားတစ်​ယောက်တည်းအိမ်မှာနေရမှာပျင်းတယ်။ "

"ဟေ့ကောင် ဘာကိုတစ်ယောက်တည်းလဲ....။
Huening Kaiလာလာနေတာ ငါမသိဘူးမထင်နဲ့။ "

"Huening hyungမလာပါဘူးနော်။ "

"ဟွန်းနော်....ဟွန်းဟွန်း "

- တူလေးကို ကြိမ်းပြီးတာနဲ့ အိမ်ထဲကနေထွက်လာခဲ့သည်။ တူဆိုလို့အသက်အများကြီးကွာတယ်တော့မထင်ပါနဲ့။ 5နှစ်ဘဲကွာပါတယ်။ မေမေဖေဖေတို့ဆီက ဆူဘင်းကနောက်ကျမှမွေးတာကိုး။ သူ့အမက ငယ်ငယ်လေးနဲ့လက်ထပ်လိုက်တော့ သူနဲ့ ထယ်ဟျွန်းနဲ့က 5နှစ်ဘဲကွာခဲ့ပါတယ်။ အွန်း....ဟျူးနင်းခါအီဆိုတာကတော့......(အွန်း) ဒီတိုင်း ဘေးအိမ်ကကောင်ပါဘဲ။ -
.
.
.
- ဆူဘင်းဆိုတဲ့ကောင်လေးကတော့ အသက်25နှစ်ရှိနေပြီး အပြင်ဆေးခန်းတစ်ခုမှာ သူနာပြုအနေနဲ့ လုပ်ကိုင်နေတဲ့လူဖြစ်ပါတယ်။ -

Wild [Completed]Where stories live. Discover now