Ep-(6)⛓

145 24 20
                                    

သုံးလခန့်ကြာသော်....

- မနက်စောစောစီးစီး taehyun ထိုင်ငိုချင်စိတ်ပေါက်နေသည်။ အသံကလည်းမထွက်ရဲ ဘယ်နေရာမှန်းမသိတဲ့နေရာမှာ လက်ပြန်ကြိုးတုပ်ထားခံရသည်တဲ့လေ။ -

- လမ်းထိပ်သို့မုန့်ထွက်ဝယ်ရင်း ကားတစ်စီးကပိတ်ရပ်လာပြီး သူ့ကိုအတင်းအကျပ်ခေါ်ဆောင်လာသည်။ -

"ကျွန်တော်ကို လွှတ်ပေးပါ "

"ငြိမ်ငြိမ်နေစမ်းကွာ...."

"ဘာရန်ငြှိုးရှိလို့ဖမ်းထားတာလဲ
ကျွန်တော့်ဦးလေးနဲ့ အကြွေးကိစ္စဘာညာရှိလို့လားဟင်။ ဒါဆို သူ့ကိုဘဲပြန်ပေးဆွဲပါ ကျွန်တော်နဲ့ဘာမှမဆိုင်ပါဘူး။ "

"တောက်စ်....ဟေ့ကောင်တွေအဝတ်စို့ထားလိုက်ကွာ"

- taehyunပါးစပ်ကိုဟကာ ပိတ်စတစ်ခုကို ထိုးထည့်လိုက်သည်။ -

"အွန်း....ဟွန်း...ဟွန်းဟွန်း ဟွန်း...အွန်းအဟွန့်....အာ........"

"ဟာ.....တိတ်တိတ်နေလို့ပြောနေတာကို ငါရိုက်လိုက်ရ....."

"မင်းသူ့ကို နောက်တစ်ခါထပ်ရွယ်တာနဲ့ မင်းလက်တစ်ချောင်းပြန်ပေးဆပ်ရမယ်နော်။ ငါHuening Kai....မလုပ်ရဲဘူးမထင်နဲ့...."

"သခင်လေး "

"ထွက်သွားကြ"

- လူသုံး​ယောက်က ပြန်ခံမပြောရဲဘဲ အခန်းထဲမှထွက်လာရသည်။ -

"အွန်း........ဟွန်း....."

- hueningက taehyunအနားကိုသွားကာ ပါးစပ်ထဲကအဝတ်ကိုထုတ်လိုက်သည်။ -

"အဆင်ပြေရဲ့လား "

"Hyung!!! "

- taehyunအော်ငိုသည်။
Huening က taehyunကိုရင်ခွင်ထဲထည့်ကာ ဖက်ထားလိုက်သည်။ -

"​hyung ကျွန်တော်ကြောက်တယ်။ "

" အခုထွက်သွားကြမယ်လေ။ "

"ဟုတ် "

- hueningက လက်ပြန်ကြိုးတုတ်ထားတဲ့ကြိုးကိုဖြည်ပေးလိုက်ပြီး ထထွက်လာဖို့လုပ်သည်။ -

" hyung ကရောဘယ်သူလဲ "

" ရုတ်တရက်မေးလိုက်သောtaehyun-

"နောက်မှရှင်းပြမယ်"

"Hyungမပြောမချင်း ကျွန်တော်ဒီကနေမခွာဘူး။
သာမန်....သာမန်အိမ်နီးချင်း ဂိမ်းဆော့တာတော်တဲ့သာမန်ကောင်လေးဘဲမလား။ အဲ့ထက်မပိုဘူးမလား။ "

Wild [Completed]Where stories live. Discover now