Ep-(2)⛓

220 29 37
                                    

🐦🐦🐦.......

"ဗျာ!!!!!!!!!!!!!!!!"

- သာယာလှတဲ့မနက်ခင်းတွင် ကောင်လေးတစ်ယောက်၏အော်သံက ​ပျံ့လွင့်လာသည်။ -

"ဟုတ်တယ် ဆူဘင်း.....
ဆရာ့မိန်းမရဲ့အဖေဆုံးသွားလို့ မြန်မာကို ဆရာတို့လိုက်သွားရမယ်။ ဒါပေမဲ့ သူ့အဖေရဲ့နောက်ဆုံးဆန္ဒအရ မြန်မာမှာဘဲ အခြေချဖို့ဆုံးဖြတ်လိုက်ရတယ်။ ဒါကြောင့် ဆေးခန်းပိတ်ရမယ်ထင်တယ်။ "

(ဒီနေရာမှာ မီယမ်မာနိုင်ငံကြီးကအခြေအနေကောင်းနေပါတယ်နော်။🙂 အဲ့လိုဘဲမှတ်ထားပေးကြပါ)

"Waeyo?
ဆရာမရှိရင် ကျွန်တော်ကအလုပ်မရှိဘဲ ရေမျောကမ်းတင်နေမှာပေါ့....."

"ဆေးရုံတွေမှာ ပြန်လျှောက်ကြည့်ရင်ရော...."

"မလုပ်ချင်ပါဘူး။
အဲ့နေရာက ကျွန်တော်မကြိုက်ဘူး။
သိတဲ့အတိုင်း အမေရော အဖေရော မရှိတော့ဘူး။ ကျွေးမွေးဖို့ ပါးစပ်တစ်ပေါက်ကလည်းရှိ​သေးတယ်။ သူ့မိဘတွေကလည်း ကျွန်တော်တို့ကိုလှည့်ကြည့်တာမဟုတ်ဘူး။ "

"ဆရာကတောင်းပန်ပါတယ်....။ "

"အာဟူးးးး
မဟုတ်တာဘဲ ဆရာရယ်။ တမင်လုပ်တာမှမဟုတ်တာ။ ရပါတယ်.....ကိုက်မဲ့အလုပ်ရှာရုံပေါ့...."

"လစာများတယ်....ဆူဘင်းနဲ့လည်းအဆင်ပြေမဲ့အလုပ်တစ်ခုတော့ရှိတယ်။ "

ဘုန်း........။

"ဘာလဲဟင်...."

- စားပွဲခုံကိုရိုက်ကာ အနားသို့စိတ်ဝင်တစားကပ်လာသည်။ -

"Choi groupကိုသိတယ်မလား။ "

"ဆေးခန်းစရိတ်ထောက်ပံ့ပေးနေကြနေရာ....?"

"မှန်တယ်....
သူတို့က အိမ်နေသူနာပြုတစ်ယောက်ကိုအလုပ်ခေါ်နေတယ်။ သွားကြည့်ပါလား။ "

"တကယ်လား။ "

"အွန်း....သွားမလား။ "

"စဥ်းစားကြည့်ဦးမယ်။
ဂန်ထယ်ဟျွန်းနဲ့ အိမ်နေသူနာပြုဆိုအဆင်မပြေဘူး။ "

"အေးဟေး...နောက်ဆံတင်းမနေစမ်းပါနဲ့....
မင်းရော အဲ့ကလေးရောအတွက်ကောင်းမဲ့အရာနော်။ လစာက ငါတို့နှစ်​ယောက်စာရဲ့ 3ဆလောက်ရှိတယ်။ "

Wild [Completed]Where stories live. Discover now