Ep-(3)⛓

194 27 33
                                    

-အရှိန်နဲ့ရွေ့လျားနေသောကားတစ်စီး။ -

"ခင်ဗျားတို့ဘယ်သူတွေလဲ။
ဘယ်ကိုခေါ်လာတာလဲ...."

"မင်းက ချွဲဆူဘင်းမလား။ "

"ဟုတ်...ဟုတ်တယ် ။ "

"မင်းကို ငါတို့သခင်လေးကခေါ်ခိုင်းလိုက်တာ။
နောက်နေ့ကစပြီး ငါတို့အိမ်မှာအလုပ်လုပ်ရမယ်။ ဒါဘဲ။ "

"Choi Groupကလား။ "

"ဟုတ်တယ် ။ "

- အခုမှသူ့ရင်ထဲက အလုံးကြီးကျသွားတော့သည်။ -

"လူလာခေါ်တာ ဖြေးဖြေးသက်သာခေါ်လို့မရဘူးလား။ ကျွန်တော်က ပြန်ပေးဆွဲနေတယ်ထင်လို့..."

"ငါတို့က နူးနူးညံ့ညံ့မလုပ်တတ်လို့ ရိုင်းပြသလိုဖြစ်သွားရင် တောင်းပန်ပါတယ်။ "

- ထိုစကားကို ခေါင်းကုတ်ပြီးဆိုလာတဲ့လူ။ -

"ဒါနဲ့ အိမ်ကိုသွားတဲ့လမ်းက ဒီလိုဘဲလူပြတ်နေကြလား။ "

"လူပြတ်တဲ့နေရာကို ရွေးပြီးဆောက်ထားတဲ့အိမ်မလို့ပါ။ စိတ်မပူပါနဲ့.... အိမ်တော်ကိုရောက်ရင် အကုန်အဆင်ပြေသွားမှာပါ..."

Bang.....//

- အသံကျယ်ကျယ်တစ်ခု။
သေနတ်သံနှင့်ပိုတူသည်။ -

"အကိုကြီး.... သူတို့တွေလိုက်လာတယ်။ "

ကျစ်*

- ထိုလူက အနောက်ကိုတစ်ကြည့်ကြည့်ဖြင့်ကားကိုသာမြန်မြန်မောင်းခိုင်းနေသည်။ -

Bang//

ခွမ်း...//

"အားး...."

- မိမိဘေးကလူက သွေးများထွက်လာကာ ကားအနောက်မှန်ကကွဲသွားသည်။ -

"သွေး..."

- လက်ကိုင်ပုဝါစတစ်ခုကိုထုတ်လိုက်ကာ ထိုသွေးထွက်နေသောနေရာကိုအုပ်ထားလိုက်သည်။ -

"ချွဲဆူဘင်းဗျ....
အခုအန္တရာယ်ရှိနေပြီမလို့ ဝပ်နေပေးပါ။ "

-ဒဏ်ရာနဲ့လူက စကားပြောလာသည်။ -

"ကျွန်တော်သိပြီမလို့ စကားမပြောပါနဲ့ "

- ဒဏ်ရာကိုဘဲအာရုံစိုက်နေမိသည်။ တစ်ဖက်ကလူတစ်ယောက်ကလည်း သူ့ကိုဂုတ်ကနေဆွဲကာ ထိုင်ခုံအောက်ထဲပစ်ချလိုက်သည်။ -

Wild [Completed]Where stories live. Discover now