Ep-(8)

126 19 2
                                    

လွန်ခဲ့သော2နှစ် -

-huening အသက်နှစ်ဆယ့်သုံးနှစ်အရွယ်ပေါ့...။ အဖေမရှိတော့တဲ့ကာလတွေမှာ ကိုယ်ရံတော်ဂျောင်ကဘဲ ဦးစီးပြီးစောင့်ရှောက်ထားတာ။ သူငယ်စဥ်ကတည်းက ကိုယ်ရံတော်ဂျောင်ရဲ့လက်ထဲကြီးပြင်းခဲ့တော့စိမ်းတော့မစိမ်း။ အခုအရွယ်ရောက်လာမှသိရတယ်။ အဲ့လူက သူ့ကိုထိန်းချုပ်ချင်နေတာဘဲ။ အဖေကိုရော ပိုက်ဆံရော သူ့ကိုရော....သိပ်အံ့သြလွန်းပါတယ်။ အဖေ့ကိုမထိန်းချုပ်လိုက်ရလို့ သူ့ကိုပိုမဲနေတာ။ သူကလည်းဒယ်ဒီ့သားပါ...ဘယ်တော့မှ သူများလက်အောက်မှာမနေနိုင်ဘူး။ -

"ဦးလေးဂျောင်"

"Huening na! ဘယ်ကိုသွားမလို့လဲ။ သူငယ်ချင်းတွေနဲ့ ခရီးသွားမလို့လား။ "

- သူအထုပ်ဆွဲကာ သွားနှုတ်ဆက်တော့ မေးလာသည်။ -

" ကျွန်တော် ဒီအိမ်ကနေထွက်သွားတော့မယ်။ "

"ဘာ...မင်းက...ဟားဟား...မင်းက ဒီအိမ်ကနေ ထွက်သွားမယ်ပေါ့။ "

"ဟုတ်တယ် ဦးလေးဂျောင်...
ကျွန်တော့်ရဲ့အမွေတွေ ပေးပါ။ "

" အမွေ?
မင်းအိမ်ကနေထွက်သွားရင် ဘာအမွေရမယ်မျှော်လင့်နေတာလဲ။ မင်းအဖေကငါ့ကိုအပ်ထားခဲ့တာ။ "

"ဒါကြောင့်မို့ ခွင့်တောင်းနေတာပေါ့။
အဖေ့ရဲ့ ပိုက်ဆံက ဦးလေးဆီမှာမလို့..."

"မင်းမထွက်သွားရဘူး။ မင်းငါမရှိဘဲမနေနိုင်ပါဘူး။"

"ပိုက်ဆံကိုအဲ့လောက်ကြိုက်လား။ "

"ကြိုက်တယ်....သူ့ပိုက်ဆံတွေမလို့ပိုကြိုက်တယ်။ သူ့သား မင်းကိုရော...ငါပိုင်တယ်။ "

" အဲ့လောက်ကြိုက်နေရင် ရပြီ။
အဲ့ပိုက်ဆံတွေနဲ့ ဦးလေးနေခဲ့ပါ။ ကျွန်တော်ကတော့ ဒီစိတ်ပျက်စရာတွေကနေ ထွက်သွားတော့မယ်။ "

" မင်းမသွားရဘူး!
မင်းကသူ့ရဲ့သားဖြစ်နေသေးလို့ ငါမင်းကိုပိုင်တယ်။"

"ဒယ်ဒီသေသွားတာတောင် ခင်ဗျားအတ္တမလျော့သေးဘူးလား။ ကျွန်တော့်ကို ကျွန်တော်ဘဲပိုင်တာ။
ကျွန်တော့်ကိုထိန်းချုပ်နိုင်တဲ့လူများရှိနေသေးရင် ကျွန်တော်သူ့ရှေ့မှာဒူးထောက်လိုက်မယ်။ "

Wild [Completed]Where stories live. Discover now