Ep-(5)⛓

186 22 5
                                    

- နှင်းမှုန်တွေတစ်ဖွဲဖွဲကျနေကာ ချမ်းစိမ့်လှသော မနက်ခင်းတစ်ခု။ -

- ခြံအနောက်ဘက်တွင် ဂိုထောင်တစ်ခုရှိသည်။ နှင်းမှုန်များဖုံးလွမ်းနေသောကြောင့် ရေနံဝကာမဲနေသော ဂိုထောင်သည် အဖြူများကြား၌ထင်၍နေလေသည်။ -

" ချမ်းသာပေးပါ "

"ချမ်းသာပေးရင် ငါ့ပိုက်ဆံက ပြန်ရမှာလား။ "

"တောင်းပန်ပါတယ် မစ္စတာချ.....အားးး"

ဂလောက်။

- ပေါက်နေသော ဂိုထောင်ခေါင်မိုးမှကျဆင်းနေသော နှင်းရေစက်လေးများသည် ကြမ်းပြင်ပေါ်တွင် စွန်းထင်းသွားသော သွေးစက်များနှင့် ရောထွေးနေချင်ပုံရသည်။ တစ်စက်စက်ဖြင့် ကျဆင်းနေသည်။ နှင်းဖြူဖြူပေါ်က ဓားတစ်ချောင်းသည်လည်း ခန္ဓာကိုယ်အား အသက်မဲ့သွားစေသည်။ -

" အပြတ်ရှင်းလိုက်။ ​"

- အေးစက်စက်အသံနှင့် အမိန့်ပေးသွားသည့် လူတစ်​ယောက်။ ထို့နောက်တွင် သူ၏အနက်ရောင်ကုတ်ကိုယူကာ ဂိုထောင်ထဲမှထွက်သွားခဲ့သည်။ ဘယ်သူမှလည်းမသိသလို ဘယ်သူမှန်းလည်းပြောမရပေ။ -
.
.
.
- စောစောစီးစီး မနက်ခင်းတစ်ခုတွင် ကျောင်းသွားဖို့ပြင်နေရသည်ကို ထယ်ဟျွန်းမကြိုက်ပေ။ ဒီလောက်အေးနေတာကို ကျောင်းဖွင့်သေးတယ်၊။ -

- စိတ်ရှုပ်စွာရေရွတ်၍ ဟူဒီအပေါ်မှ ကုတ်အထူတစ်ခုဝတ်လိုက်ပြီး လည်ပင်းတွင် မာဖလာအဖြူလေးကိုပတ်ကာ ကျောပိုးအိတ်လွယ်ကာ အားလုံးပြင်ဆင်အပြီးတွင် ဟူဒီခေါင်းဆောင်းလေးကို ဆောင်းလိုက်ပြီး အပြင်ကိုထွက်လာသည်။ - 

"အမယ်လေး အေးလိုက်တာ "

- ခြံပြင်ထွက်တော့ လမ်းမဘေးတွေမှာလည်း နှင်းဖြူလေးတွေရှိသည်။ -

" Taehyun "

"ဘာလာလုပ်တာလဲ"

"ကျောင်းလိုက်ပို့ပေးမယ်လေ။ "

" ရပါတယ်....ခဏနေ ဂျယ်ယွန်းနီးလာခေါ်မှာ"

"အော် ရှင်းဂျယ်ယွန်းလား။
ခုနကအိမ်ရှေ့မှာစောင့်နေတာ....taehyunသွားပြီလို့ပြောလိုက်တော့ သူထွက်သွားတာ။ "

Wild [Completed]Where stories live. Discover now