Ep-(7)⛓

143 19 13
                                    

Soobin POV:

- မနက်မိုးလင်းတော့ သူပြင်ဆင်ပြီးတာတောင် အခန်းပြင်ထွက်ဖို့ဝန်လေးနေမိသည်။ -

* ဘာမှမဖြစ်ပါဘူး....
ငါသိနေတာကို မရိပ်မိဘူးမလား။ *

- သက်ပြင်းရှည်ရှည်ချကာ တံခါးlockကိုဖွင့်လိုက်သည်။ တံခါးဖွင့်တော့တန်းမြင်လိုက်ရတာက အကိုယောန်ရဲ့မျက်နှာ။ သူ့တံခါးကိုခေါက်ရန်ပြင်နေတဲ့ပုံ။-

"အာ....အချိန်ကျော်နေပြီးထွက်မလာသေးလို့..."(YJ)

"ဟုတ်တယ် အကိုယောန်ရဲ့....
အိပ်ယာထနောက်ကျသွားလို့လေ....အဲ့ဒါ...."

"ရပါတယ်....သွားကြမလား။ "

- သူနဲ့အကိုယောန်နဲ့ဆင်းမယ်လုပ်တော့ beomgyuကပါ အခန်းထဲကထွက်လာသည်။ ညီအစ်ကိုနှစ်ယောက်စကားမပြောကြသေးဘဲနဲ့ အချင်းချင်းစူးစူးဝါးဝါးကြည့်နေကြတာ....အလယ်က ကျွန်တော်ကဘာဆက်လုပ်ရမယ်မှန်းမသိ။ -

"သွားကြတာပေါ့ soobin na! " (YJ)

"ဟုတ်ကဲ့ "

- ရုတ်တရက် soobinလက်ကိုyeonjunကဆွဲကာ လှေကားကနေဆင်းသွားသည်။ ဒါပေမဲ့ မကြာလိုက်အနောက်ကနေ ခြေသံကြားရပြီး သူ့နောက်လက်တစ်ဖက်ကို beomgyuကဆွဲကာအရင်ဆုံးအရှေ့ကဦးအောင်ဆင်းမယ်လုပ်သည်။ သို့သော် yeonjunကလည်းမလွှတ်ပေး။ beomgyuကလည်းဆက်ကိုင်ထားသည်။ -

"ဟို...." (SB)

"သူနာပြုချွဲ...ကျွန်တော်နဲ့လိုက်ခဲ့ပါ...."(BG)

"Soobin! အကိုနဲ့သွားမယ်။ " (YJ)

- အခုသူကလှေကားမှာကားယားကြီး။ လက်တစ်ဖက်ကိုတစ်ယောက်ဆီကဆွဲခေါ်နေတာ။ မတော်လို့ပြုတ်ကျရင် သုံး​ယောက်လုံး ဝှီးကနဲဘဲ။ ဘာဖြစ်နေကြတာလဲ.....ငါကဘာအပြစ်ရှိလို့လဲ။ -

"ဒါကမဟုတ်သေးဘူးလေ။ "(SB)

"သွားကြမယ်..."(BG)

- beomgyuကပြုံးပြီး​ သူ့လက်ကိုဆွဲခေါ်လိုက်တဲ့အချိန် သူမနေ့ညကအဖြစ်အပျက်ကြီးကိုပြန်မြင်ပြီးတော့ beomgyuဆီကလက်ကိုရုန်းပြီး yeonjunလက်ကိုပြန်လည်ဆုပ်ကိုင်ထားမိသည်။ yeonjunကလည်းမလိုက်နိုင်တာကိုသိတယ်ထင်တယ်...လုံးဝမလွှတ်ပေးဘူး။ -

" ဟို ကျွန်တော်ဘာသာဘဲ သွားလိုက်ပါ့မယ်။
ဖြေးဖြေးလိုက်လာကြပါ...." (SB)

Wild [Completed]Where stories live. Discover now