အပိုင်း(11)Unicode

10.8K 803 30
                                    


Unicode

ဒီနေ့ရွာရဲ့စုပေါင်းလမ်းခင်းပွဲလုပ်မည့်နေ့ဖြစ်သည်။
အိမ်တိုင်းအိမ်တိုင်း ယောက်ျားသားတစ်အိမ်တစ်ယောက်နှုန်းနဲ့
ပေါက်တူး ၊တံဇဥ်း ၊ဓားအရှည် တစ်ခုမဟုတ်တစ်ခုယူလာပြီး လမ်းခင်းရာသို့ထွက်လာကြသည်။ဆက်မင်းမှာလည်း ပေါက်တူးတစ်လက်ကိုင်ကာ
သွားဖို့ရာပြင်ဆင်နေသည်။

မနေ့ညကတည်းကမလာတဲ့မီးက ဒီမနက်အထိပြန်မလာသေးတာကြောင့် မနက်စာထမင်းကြော်အတွက် မီးမွှေးကာကြော်လှော်နေရသည်။

မီးသွေးမီးမဟုတ်ဘဲ ထင်းမီးဖြင့်သုံးနေတာကြောင့်
မီးခိုးများလည်းခိုးကာ မီးမွှေးရုံနဲ့တင်ကို
တစ်အိမ်လုံးအခိုး၀ေကာ နတ်ပြည်ရောက်နေသလား
အောက်မေ့ရအောင် အခိုးအငွေ့တွေဖြင့်
ပြည့်နေသည်။ဆက်မင်းကမီးမွှေးပေးပြီး
မီးခိုးခိုးသက်သာစေရန်  အိမ်ပြတင်းပေါက်များ အားလုံးအကုန်ကြိုဖွင့်ထားတာမို့တော်ကာကြသည်။

အိမ်နောက်ဖေးမှာတော့ အငွေ့ကထမင်းကြော်နေသည်။ရန်ကုန်မှာနေတုန်းက
ကိုယ်ပိုင်တိုက်ခန်းထဲမှာ အနည်းအကျဥ်းချက်ပြုတ်ဖူးတာကြောင့်
ထမင်းကြော်တာလောက်တော့ အငွေ့လည်းလုပ်တတ်ပါတယ်။

ညကကျန်ခဲ့တဲ့ကြက်သားကိုသေးသေးလေးတွေတုံးပြီး ပဲငံပြာရည်အနောက််ကို ကြက်သွန်မြိတ်ဖြင့်မွှေပြီး ထည့်ထားတဲ့ဆီပူလာပြီဆိုလျှင် အရင်ထည့်လိုက်သည်။ထည့််ပြီးပြီးချင်း
ထမင်းကြမ်းတုံးများအား တစ်ခါတည်းရောထည့်ပြီး
သကြားဆားထည့်ကာ အနည်းငယ်လောက်မွှေပေးလိုက်ရင်ဖြင့်
ထမင်းကြော်တစ်ပွဲမြန်မြန်ဆန်ဆန်နဲ့ ချက်ပြုတ်ပြီးသွားပြီဖြစ်သည်။

ထမင်းကြော်ကြော်ပြီးဆီအနည်းငယ်ထပ်ထည့်ကာ
ကြက်သွန်ဖြင့်ခေါက်ထားသော ကြက်ဥအနှစ်များအားကြော်ကာ ပြီးရင်တော့
စလုံနှစ်လုံးဖြင့်ခွဲ့ထည့်ကာ အိမ်ရှေ့ကိုသယ်လာသည်။

စားပွဲဘာညာသေချာလုပ်စားမနေဘဲ အိမ်ရှေ့ကွပ်ပျစ်ပေါ်မှာသာ ဆက်မင်းကစလုံပူပူအား လက်ပေါ်တွင်တင်ကာဘဲ
အဆင်ပြေသလိုစားနေပြီး အငွေ့ကတော့
ဖိနပ်ချွတ်ခုံပေါ်မှာထိုင်ပြီးစားနေသည်။
ထမင်းစားရင်း ခြေဆင်းထိုင်မိတာကြောင့်
ဆက်မင်းဆူတာပါခံလိုက်ရသည်။

ရွာထဲသို့ ဂျစ်တူးတစ်ယောက်ရောက်ရှိလာခြင်း(completed) Where stories live. Discover now