အပိုင်း(7) Zawgyi

899 73 0
                                    

Zawgyi

""ချစ်သူကိုမြင်ရခြင်း၌ မျက်စိသည်ရောင်ရဲခြင်းမရှိ""

လမ်းမပေါ်က စကားပြောသံတွေတိတ်ဆိတ်သွားတဲ့ခန စောနကအမျိုးသမီးလည်း သူမလာရာလမ်းကို
မျက်ရည်များစွာဖြင့် ပြန်လှည့်ထွက်သွားခဲ့သည်။ကိုယ့် အရှေ့မှပြေးထွက်သွားတာကိုမြင်တော့
အငွေ့စိတ်ထဲမှာ စိတ်မကောင်းဖြစ်ရသည်။
*ငါကသူချစ်တဲ့သူကိုလုယူမိတာလား
ငါ့လုပ်ရပ်တွေမှန်နေလား ငါ့ကြောင့်ချစ်ရသူရဲ့စိတ်ထဲမှာ တစ်မျိုးတစ်မြင်ထင်စေမိပြီလား*စတဲ့အတွေးတွေက ဦးနောက်သေးသေးလေးထဲ အလုအယက်ဝင်ရောက်လာတော့ ဟန်မဆောင်တတ်တဲ့မျက်နှာက ခနလေးတင်ညှိုးကြသွားသည်။ထိုအချိန်လက်ဖ၀ါးမှ
တင်းကျပ်မှုလေးတစ်ခု ခံစားလာရတာကြောင့်
ခေါင်းမော့ကြည့်လိုက်တော့၊ ချစ်ရသူကကိုယ့်ရဲ့မျက်နှာ ပြောင်းလဲမှုများအားသိနေသလိုမျိုး အမူအရာပြနေခဲ့သည်။မျက်လုံးချင်းစုံမိချိန်မှာတော့ ချစ်ရသူရဲ့ ထူထဲသောမျက်ခုံးတန်းများက
အနည်းငယ်စုကျုံ့သွားသည်။ချစ်ရသူကြီးက အငွေ့ကို ဂရုစိုက်ပါတယ်။

ရှေ့ကပြေးထွက်သွားသော သူငယ်ချင်းမလေးအား သူတစ်ယောက်တည်းဆိုရင်တော့
တစ်နေရာအားခေါ်ပြီး အေးအေးဆေးဆေး
စကားပြောဖြစ်မှာဖြစ်ပေမဲ့၊ ဘေးနာမှာဆိုင်သူလေးကရှိနေတော့
ထွက်သွားသူရဲ့ကျောပြင်ကိုသာကြည့်ရင်း
အိမ်ကိုဘဲတန်းတန်းမက်မက်ပြန်ရောက်ပါစေလို့ဘဲ
ဆုတောင်းနေရသည်။သူမစိတ်နဲ့လုပ်ချင်ရာလုပ်ပြီး
မတော်လို့တစ်ခုခုများဖြစ်ရင် သူလည်းအပြစ်မကင်းပါ။ဘေးကသူလေးအားကြည့်တော့လည်း
ခေါင်းငုံ့ကာသက်ပြင်းတစ်ချချနဲ့ *ဟူးးးဒီကလေးလည်းမလွယ်ပါဘူး*
ကောင်လေးသတိပြန်ဝင်လာအောင် တွဲထားသောလက်ဖ၀ါးလေးအားတင်းကျပ်စွာ
ဆုပ်ကိုင်လိုက်တော့ မသာမယာမျက်နှာနဲ့ မော့ကြည့်လာသည်။ကောင်လေးရဲ့မျက်ဝန်းကနေ
ကိုယ့်အားတောင်းပန်ချင်သလို အမူအရာများပြနေတာကြောင့်
ကိုယ့်ကိုကိုယ်စိတ်အလိုမကျမှုက မျက်နှာမှာပေါ်လာမိတယ်။

"အငွေ့"

"ဗျာ~"

"အငွေ့ မင်းငါ့ကိုပြောစရာတွေရှိနေလား"

ရွာထဲသို့ ဂျစ်တူးတစ်ယောက်ရောက်ရှိလာခြင်း(completed) Where stories live. Discover now