အပိုင်း(21) Unicode

9.1K 591 17
                                    

Unicode

"ပြန်လာကြပြီလား"

သူငယ်ချင်းရဲ့အသုဘရှိတာကြောင့် ဆက်မင်းတို့တစ်တွေ လွန်ခဲ့တဲ့တစ်ပတ်ကတည်းက ထိုအိမ်မှာဘဲ လိုအပ်တာတွေ၀ိုင်းကူဖို့  ညနေတိုင်း သွားနေတတ်သည်။အခုလည်း ခြံ၀ိုင်းထဲကိုရောက်လာတာကြောင့် ကွပ်ပျစ်ပေါ်ကအငွေ့မှာ လှမ်းခေါ်လိုက်တာဖြစ်သည်။

အနားမှာလာထိုင်တဲ့လေးယောက်စလုံး တစ်ယောက်မှမျက်နှာမကောင်းကြပါ။ကွယ်လွန်သူက ဆက်မင်းတို့ရဲ့သူငယ်ချင်းအရင်းကြီးဆိုတာ အငွေ့တို့လည်းသိသင့်သလောက်သိပေမဲ့ ဒီလောက်ထိခံစားရမယ်လို့မထင်။စရောက်ကတည်းကထိုင်နေတာ အငွေ့တို့ချပေးတဲ့ကော်ဖီခွက်တောင်မထိကြသေး။အားလုံးမှာလည်းသက်ပြင်းတချချနဲ့ တနေ့ကတည်းက ရွာထဲမှာရဲတွေလူးလားခေါက်ပြန်နေတာကိုတွေ့နေရတာဖြစ်သည်။ကြည့်ရတာကတော့ ဒီသေဆုံးမှုက သမားရိုးကျမဟုတ်ဘူးဆိုတာ ။

"ယောက်ျား ဘာဖြစ်လို့ အဲ့လောက်တောင်မျက်နှာမကောင်းဖြစ်နေရတာလည်း။အငွေ့ကိုလည်းပြောပြလေ"

"ဟူးးးးးကိုယ့်သူငယ်ချင်းဆုံးတာ တစ်စုံတစ်ယောက်ရဲ့ပယောကမကင်းဘူးလို့ ထင်တယ့်။ဘာကြောင့်လည်းဆို သူကကြွက်သတ်ဆေးမိပြီး ဒီလိုအဖြစ်မျိုးကြုံရတာ။အလကားနေရင်းကတော့ သူ့ဟာသူယူမသောက်ဘူး ဒါတစ်ယောက်ယောက်လုပ်ကြံတာဘဲဖြစ်ရမယ်"

"ဟင်းးးးအခုရော ရဲတွေကဘာပြောလဲ"

"သူတို့ကတော့ စစ်ဆေးနေပါတယ် စုံစမ်းနေပါတယ်ဆိုပြီး တစ်ရက်လောက်အယောင်ပြ ဟိုနားဒီနားစစ်ပြီးပြန်သွားကြတာချည်းဘဲ။ပြောတာတော့ မသင်္ကာတဲ့သူရှိတယ်ဆိုပြီးပြောတာပါဘဲ။အဲ့တာကသူတို့စကားလေ"

"အင်းးးးး"

***********

"တန်ဆောင်မုန်းလပြည့်နေ့ ဘယ်သွားကြမလဲ"

"ရွာဦးဘုန်းကြီးကျောင်းမှာ ဥပုသ်သွားဆောက်မှာပေါ့"

"မဟုတ်သေးဘူးလေ ဘုရားသွားမလားလို့ အဲ့ဒါဘယ်ဘုရားကိုသွားကြမလဲမေးတာ"

ရောက်ရှိနေတာကတော့ သူတို့ရဲ့စုရပ်လေးတစ်ခုဖြစ်တဲ့ နေကြာခင်းအလယ်က အပင်ကြီးအောက်တွင်ဖြစ်သည်။ဒီမှာတော့ သူတို့ချည်းဘဲမဟုတ် ရွာကတစ်ချို့ကာလာသားနဲ့ ကာလသမီးများလည်းပါသည်။သူတို့အားလုံးက ရွာရဲ့လူငယ်တွေဖြစ်တဲ့အတွက် လပြည့်နေ့ကျရင်ပျော်ပွဲရွှင်ပွဲလုပ်ကြဖို့ ဤနေရာတွင်လာတိုင်ပင်နေကြတာဖြစ်သည်။

ရွာထဲသို့ ဂျစ်တူးတစ်ယောက်ရောက်ရှိလာခြင်း(completed) Where stories live. Discover now