Zawgyi
ဒီမနက်ပိုင်းမှာအားလုံးက မိသားစုအတွက်ကိုယ်စီကိုယ်ဌအလုပ်တာဝန်များလုပ်နေရတာကြောင့် အခုဆိုရင်
ပဲခင်း ခရမ်းချဉ်သီးစိုက်ခင်းနဲ့ စပါးခင်းတွေမှာသာရှိနေသည်။ဒါပေမဲ့အကတိုက်မယ်လူများကတော့ ဘုန်းကြီးကျောင်းဝန်းထဲမှာ
ပြင်ဆင်စရာရှိတာပြင်ဆင်နေကြသည်။"ယောက်ျားရေမပြီးသေးဘူးလား။ဒီမှာအငွေ့အကတိုက်တာကြည့်ချင်လို့ပါဆို ပြီးကိုမပြီးဘူး"
"ပြီးပါပြီဗျာ ထမင်းအိုးဌဲ့နေလို့ပါဆို"
အငွေ့အသံကြောင့် အလုပ်လက်စသက်ကာ ထွက်လာတဲ့ဆက်မင်းက အိမ်ရှေ့မှာမျက်နှာလေးစူပုတ်နေဆဲ
အငွေ့အား ပါးလေးအားဆွဲလိုက်တော့
မျက်စောင်းမမြည်တဲ့မျက်စောင်းလေးနဲ့ပြန်ပြီးတုန့်ပြန်တယ်လေ။နှစ်ယောက်သားခံစားချက်တွေကိုအချင်းချင်းဝန်ခံထားပြီးနောက်ပိုင်းအငွေ့ကပိုချွဲလာသည်။"လာပါဆို ဟိုမှာကိုကြီးမိုးစွေတို့အကတိုက်ရင်လွတ်သွားမှာဆိုးလို့"
ကိုယ့်မှာတံခါးတောင်သေချာမစိနိုင် အတင်းဆွဲခေါ်နေတဲ့ကောင်လေးကြောင့် ခပ်မြန်မြန်ဘဲဖြစ်သလိုပိတ်ကာထွက်လာခဲ့ရသည်။
"အငွေ့ရယ်မနေ့ကတုံးကလည်း တစ်နေ့လုံးသွားကြည့်ပြီးပြီလေ။ပြီးတော့ဒီအကဘဲဟာကို ဘာမှလည်းပြောင်းလဲသွားတာမရှိဘဲ"
"မရပါဘူး ဟိုမှာအလှူမှာထမင်းဟင်းချက်ဖို့၀ိုင်းကူရဦးမယ်လေ"
"အငွေ့မကူလည်းရပါတယ်ကွာ။ပြီးတော့အငွေ့ကိုကိုယ်က အဲ့ဒီမိန်းမကြမ်းကြီးတွေကြားမသွားစေချင်ဘူး"
"ယောက်ျားကလည်း ယောက်ျားမကြိုက်ရင်အငွေ့နားမှာလာထိုင်နေပြီး အငွေ့ကြက်သွန်ခွာရင်လိုက်ခွာပေးပေါ့ အာ့ဆိုလည်းဖြစ်တာလဲဟာကို"
လျှောက်နေရာကရပ်လို့ဆက်မင်းလက်ကိုဆွဲရမ်းကာပြောနေသူကြောင့်"အင်းပါကိုယ်၀ိုင်းကူပါ့မယ် အငွေ့သာဘာမှမလုပ်ဘဲကိုယ့်ကိုဘဲထိုင်ကြည့်
ကြက်သွန်ငါးပိဿာလောက် မျက်ရည်မကျဘဲခွာပြမယ်"ပြောတော့မျက်ခုံးနှစ်ဖက်ပင့်သွားပြီး
"အဲလယ် အငွေ့ယောက်ျားကဆရာကြီးပေါ့
ကယ်ပြောပါဦးဘယ်လိုခွာမှာလည်း
နောက်ကြမှကြက်သွန်ဆယ်လုံးနဲ့တင်မျက်ရည်၀ဲပြီး
ကြက်သွန်နီကြောင့်ကျတဲ့မျက်ရည်ရုပ်ရှင်ရိုက်နေဦးမယ် ခစ် ခစ်"
YOU ARE READING
ရွာထဲသို့ ဂျစ်တူးတစ်ယောက်ရောက်ရှိလာခြင်း(completed)
Romanceသောက်မြင်ကပ်ပုဒ်မဖြင့်လက်ထပ်ယူရန်ဂျစ်တူးတစ်ယောက်အားရွာသို့ခေါ်လာမိသောအခါ(╥﹏╥) #photo crd အပိုင်း5က အပိုင်း20ရဲ့အောက်မှာရှိပါတယ်..