အပိုင်း(25) Unicode

7.8K 542 3
                                    

Unicode

ညဆယ့်နာရီကျော်ကျော်လောက် ကိုယ်စီဓာတ်မီးတွေနဲ့ ဘူးသီးရှိလူတန်းစားများအိမ်သို့ လူကိုးယောက်တိုးတိုးတိတ်တိတ်ချဥ်းကပ်လာကြသည်။

"ငါတို့ဘ၀ကလည်းဆိုးတာကွာ ဘယ်နှယ် မနေ့တစ်နေ့ကမှသေသွားတဲ့ ဖြူမအိပ်မှ လာခိုးရတယ်လို့"

ဓာတ်မီးပုဆိုးကြားထဲညှပ်ထည့်ကာ ဘေးမှစောလရိပ်နွယ်နဲ့ကပ်ပြီးလိုက်လာတဲ့ စေတန်ကညီးညီးညူညူပြောလာသည်။

သူပြောလည်းပြောချင်စရာ အိမ်ပိုင်ရှင်မဖြူက အသက်ရှင်နေတုန်း လွန်ခဲ့တဲ့တစ်ပတ်က *ငါသာသေသွားရင် နင်တို့အကုန်လုံးကိုဖြဲခြောက်ပစ်မှာ နင်တို့အတွင်းပစ္စည်းတွေပါလွင့်ထွက်သွားစေရမယ်*ဆိုပြီး အိပ်ယာထဲမှာလှဲနေရင်း ကျန်းမာရေးသတင်းလာမေးတဲ့ စေတန်တို့ကိုတဟားးဟားးနဲ့နောက်ခဲ့သေးသည်။အခုတော့ဖြင့် သူကသေသ၀ါးပြီဆိုတော့ ခြောက်ယုံတင်မက ဘူးသီးသူခိုးဆိုပြီး တန်းလန်းတန်းလန်းနဲ့ရောက်လာမှ အကုန်လိပ်ပြာလွင့်ကုန်မှာ ။

" မိုးစွေ!! မင်းမလို့ငါတို့ကိုသရဲခြောက်တဲ့အိမ်မှာ ဘူးသီးခိုးဖို့ပြောရက်တယ်နော်"

"အောင်မာ !!  ငါကဒီခြံကဘူးသီးဆို ဒီဘူးသီးဘဲပေါ့ ဒီဘူးသီးကတစ်ရွာလုံးမှာအချိုဆုံးဘဲ"

"အေး !! အဲ့ဘူးသီးကမခူးရသေးခင် နင်ကောင်မထွက်လာမှ ပုဆိုးကွင်းသိုင်းပြီးပြေးနေရမယ်"

"ဘာ!!!"

"တော်....ကြ....စမ်း!!!!"

ခြံရှေ့မှာပိုင်ရှင်မရှိလဲ မသွားရဲလို့အထဲကိုချောင်းနေရင်းက အသံပြဲနဲရန်တွေ့နေတဲ့နှစ်ယောက်ကို သံလွင်ကတိုးတိုးကြိတ်ကြိတ်ဆဲတော့ မျက်စောင်းထိုးရင်းတစ်ဖက်ဆီသို့လှည့်သွားကြသည်။

"သံလွင်လေး ငါကအားလုံးကိုကောင်းကောင်းစားစေချင်လို့ ဒီဘူးသီးကိုမှခိုးခိုင်းတာကို ငါ့ကို ဟိုနေလိုမီးလိုကောင်က ပြောနေတယ်ဟင့်"

မြေကြီးပေါ်ထိုင်ချရင်း သံလွင်ခါးကိုဖတ်ကာ တိုင်ပြောနေပေမဲ့ ချစ်ရတဲ့ကျောင်းဆရာလေးကတော့ ဘူးသီးဆီကိုဘဲစိတ်ရောက်နေကာ သူ့ဘက်သို့အကြည့်တစ်ချက်မှမပို့တော့ပါ။

ရွာထဲသို့ ဂျစ်တူးတစ်ယောက်ရောက်ရှိလာခြင်း(completed) Where stories live. Discover now