အပိုင်း(19) Unicode

10.3K 643 28
                                    

Unicode

ပါးစပ်ထဲ၌အမြှုပ်တွေထွက်နေကာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော လူရှေ့၌ သူမကြောင်တောင်တောင်နဲ့ထိုင်နေမိသည်။စိတ်ထဲကလည်း ပြူးကျယ်နေတဲ့ မျက်လုံးနှစ်ဖက်အား ပိတ်လိုက်ရင်ကောင်းမလား မပိတ်ရင်ကောင်းမလား ဗျာများနေသည်။ပိတ်လိုက်ရင် လက်ဗွေရာကျန်ကာ စတီးလက်ကောက်ကသူ့အတွက်ဖြစ်သွားနိုင်ပြီး။မပိတ်ဘဲထားရင်လည်း မနက်ဖြန် အလောင်းကောင်ကြီးဟာ မျက်စိနှစ်ဖက်ပြူးထွက်နေမှာဖြစ်သည်။

မကြာသေးခင်ကလုပ်ခဲ့မိသောပြစ်မှုအတွက် ဘာဆက်လုပ်ရန်လိုကြောင်း အသက်မရှိသောခန္ဒာကိုယ်ကြီးဘေးနားမှာဒူထောင်ကာထိုင်ရင်း မတည်ငြိမ်သောစိတ်တို့ကြောင့် အကြည်ရောင်ရှိသောလက်သည်းခွံတို့က မြေစာပင်ဘ၀ကိုရောက်ကြရသည်။တစ်ဖက်သို့လှည့််ကာသေနေသော အလောင်းကောင်ရဲ့မျက်နှာကိုမြင်ရဖို့ သူမစီးတဲ့ဒေါက်ဖိနပ်ဖြင့် ဒီဘက်ကိုလှည့်လိုက်တော့ ဆက်ကနဲလှည့်လာတဲ့ခေါင်းက ကြောက်စိတ်တို့အား တစ်ဖန်ပြန်လည်ဖြစ်ပေါ်စေသည်။

*ငါမှားသွားပြီ*ဟားးးဟားးးးငါမမှားဘူး။ငါလုံး၀မမှားဘူး ဒီလိုဖြစ်ရတာအဲ့မသာကြောင့်် သေချင်းဆိုး အမျိုးယုတ် ငါ့ဘ၀ကိုရစရာမရှိအောင်ဖျက်စီးသွားတဲ့ တဏှာရူးမုဒိန်းကောင်။သေတာအောင်အေးသေး။ငါမမှားဘူး ငါမမှားဘူး ငါမမှားဘူး။

အခုလိုချိန်မှာ မမှားဘူးမှားတယ် ပြောနေမယ််အစား သူ့နေရာမှာသာတစ်ခြားသူဆိုရင် တစ်နေရာကိုပြေးထွက်သွားမည်ဖြစ်သည်။ဒါပေမဲ့သူမရဲ့စိတ်ကိုက ဒီနေရာကမခွာနိုင်အောင် တစ်ခုခုကဆွဲထားတာမို့ နီးရဲရွှန်းစိုနေတဲ့မျက်၀န်းလွှာထဲကနေ မျက်ရည်အဖြိုင်ဖြိုင်ကျလာပြန်သည်။

*ကလေး*သူမဗိုက်ထဲမှာ ဘာမှမသိတတ်သေးတဲ့ကလေးငယ်လေးရှိသည်။တာ၀န်ယူစိတ်မရှိတဲ့ဖအေကြောင့်် ဤကလေးဟာမိဘမဲ့ဘ၀သို့ တစ်မုဟုတ်ချင်းပြောင်းလဲသွားသလို သူမဟာလည်း လူသတ်သမားဘ၀သို့ရောက်သွားသည်။

အနည်းငယ်ပြည့်ဖောင်းလာသော ဗိုက်အားစမ်းကာ အချိန်အတော်ကြာ ထိုလူရဲ့ဘေးမှာထိုင်ငိုနေမိသည်။

ရွာထဲသို့ ဂျစ်တူးတစ်ယောက်ရောက်ရှိလာခြင်း(completed) Where stories live. Discover now