Ep-1

125 10 3
                                    

[Unicode]

အခုလင်းသစ်ရောက်နေတဲ့နေရာက အရမ်းကိုစည်းကမ်းတင်းကြပ်တဲ့ကျောင်းအုပ်ကြီးရဲ့ရုံးခန်းမှာပါ ရောက်နေရတဲ့အကြောင်းကတော့ဒီလိုပါ.....

"လင်းသစ်ခေတ်ဆိုတာ မင်းလား?"

"ဟုတ်ပါတယ်ဗျ"

"ဟက် မင်းကတော်တော်ချောနေတယ်ဆိုတော့ ငါ့ကောင်မလေးကမင်းမှမင်းဖြစ်နေတာကို"

"ခင်များ ဘာကိုပြောချင်တာလဲဗျ"

"မသိသလိုမနေစမ်းပါနဲ့ မင်းရဲ့ချောပါတယ်ဆိုတဲ့မျက်နှာကိုငါစုတ်ပြတ်သတ်သွားအောင်လုပ်ပစ်မယ်"

"ခွက်......🥊"

ဖြစ်စဥ်ကတော့အဲ့လိုပါ

"မင်းတို့အချင်းချင်းရန်ဖြစ်ကြတယ်ဆို"
"ဟုတ်ပါတယ် ဆရာကြီး"

"ဘယ်သူဘက်ကစတာလဲ"

"သူတို့ဘက်ကပါ ဆရာကြီး အကြောင်းကတော့သူ့ကောင်မလေးကကျနော့်ကိုလာကြိုက်လို့ပါ"

"ဟေ....သူ့ကောင်မလေး"

"ဟုတ်ပါတယ် ဆရာကြီး"

"ဒါဆို ဒီကောင်က ကျောင်းစည်းကမ်းနှစ်ခုတောင်ဖောက်ဖျက်တာပဲ ရည်းစားထားတာ တစ်ခု ရန်ဖြစ်တာတစ်ခုပေါ့....."

ရန်စခဲ့တဲ့ကောင်လေးမှာတော့ ဘာမှပြန်မပြောနိုင်ပဲနေတော့သည် ဘေးမှာလည်းမိဘတွေနဲ့မို့အမှန်ကိုသာမငြင်းပဲနားထောင်နေရတော့သည်....။

"လင်းသစ်ကတော့ရန်ဖြစ်တဲ့အမှုထဲပါတာမို့ ကျောင်းတစ်လနားပြီးကိုယ့်အပြစ်ကိုပြန်သုံးသပ်
ဟိုကောင်လေးကတော့ ကျောင်းထွက်လက်မှတ်ထိုးပါ မင်းတို့သိကြတဲ့အတိုင်းပဲ ဒီကျောင်းမှာစည်းကမ်းနှစ်ခုဖောက်ဖျက်တာနဲ့ကျောင်းထွက်ရမယ်ဆိုတာ"

"ဟုတ်ကဲ့ပါ ဆရာကြီး"

...............................

"လင်းသစ် နင်ဘယ်နားထိသွားသေးလဲ"

အပြေးရောက်လာတာကတော့အစ်မပါ အစ်မမျက်နှာပေါ်မှာ မျက်ရည်တွေနဲ့ စိုးရိမ်မှုတွေကိုလည်းကျနော်မြင်နေရသည်။

"အစ်မ သားဘာမှမဖြစ်ပါဘူး နဲနဲပဲထိသွားတာပါ"

"ဘာလို့ငါ့ကိုမခေါ်ပဲရုံးခန်းထဲတစ်ယောက်ထဲဖြေရှင်းရပြန်တာလဲကွယ်"

တွယ်ငြိရာ သူ့လိုလူWhere stories live. Discover now