Ep-2

62 5 0
                                    

[Unicode]

တစ်ပတ်ကြာပြီးနောက်....

"လင်းသစ် မင်းကိုရုံးခန်းကခေါ်ခိုင်းလိုက်တယ်"

"ငါ့ကို? ဘာကိစ္စတဲ့လဲ"

"မသိဘူးလေ ခေါ်ပဲခေါ်ခိုင်းလိုက်တာ"

"အော် အင်းအင်း ငါသွားလိုက်မယ်"

"အေး"

...............................

"ဆရာကြီး ကျနော့်ကိုခေါ်တယ်ဆိုလို့ပါ"

"အော် ရောက်လာပီလား ထိုင်ပါ"

"ဟုတ်ကဲ့"

"မင်းကိုခေါ်ခိုင်းလိုက်တဲ့ကြောင်းက မင်းကဆရာတို့ကျောင်းရဲ့ထူးချွန်ကျောင်းသားထဲကတယောက်ပဲဆိုတော့ လာမဲ့အင်္ဂလိပ် လိပ်စာစွမ်းရည်ပြိုင်ပွဲလေးကျရင်မင်းကို၀င်ပြိုင်ခိုင်းချင်လို့ပါ"

"အာ ဟုတ်ကဲ့ပါ ဆရာကြီး ကျနော်၀င်ပြိုင်လိုက်ပါ့မယ်"

"ပြီးတော့ မင်းတို့အခန်းထဲကိုကျောင်းသားအသစ်ရောက်လာလိမ့်မယ် သူကမင်းနဲ့အရည်ချင်းတူတူပဲ လ၀က်နဲ့ကျောင်းပြောင်းလာတာဆိုပေမဲ့ ငယ်ငယ်ထဲအဆင့်1ရလာတဲ့ကောင်လေးဆိုတော့ မင်းနဲ့လည်းပညာချင်ဖလှယ်လို့ရတာပေါ့"

"ခင်ဗျာ ကျောင်းသားသစ် ဟုတ်လားဆရာကြီး"

"ဟုတ်ပါတယ် သူကလည်းလာမဲ့ပြိုင်ပွဲမှာ၀င်ပြိုင်မှာဆိုတော့ မင်းတို့အချင်းချင်းစာတူတူတွဲလုပ်ပြီး ဆရာတို့ကျောင်းရဲ့ဂုဏ်ကိုဆောင်ပါ ပြောချင်တာဒါပါပဲ မင်းသွားလို့ရပါပီ"

"ဟုတ်...ဟုတ်ကဲ့ပါဆရာကြီး"

..............................

"တောက်ခ်"

"ဟဲ့ လင်းသစ် ဆရာမစာသင်နေတယ်လေ ဘာတေဒေါသထွက်နေတာလဲ"

"ငါ ထမင်းစားဆင်းချိန်ကြရင်ပြောပြမယ်"

ထမင်းစားချိန်.....

"လင်းသစ် မင်းဘာဖြစ်နေတာလဲ"

" အေးကွာ ရုံးခန်းသွားပီးကတည်းကဒေါသထွက်နေသလိုပဲ"

"ဟူး.....ငါတို့အခန်းကိုကျောင်းသားသစ်ရောက်လာမယ်တဲ့ အဲ့ကောင်ကငါနဲ့အရည်ချင်းတူတူလောက်ပဲတဲ့ မင်းတို့စဥ်းစားကြည့်ကွာ ငါကျောင်းထဲမှာ စာအတော်ဆုံးဖြစ်ဖို့ငါဘယ်လောက်တောင်ကြိုးစားခဲ့ရလဲ ဒီချိန်မှာငါနဲ့အရည်ချင်းတူတဲ့ကျောင်းသားထပ်ရောက်လာမယ်ဆိုတော့ ငါကြိုးစားထားတာတွေအလကားဖြစ်ကုန်ပီပေါ့"

တွယ်ငြိရာ သူ့လိုလူWhere stories live. Discover now