[Unicode]
လင်းသစ်မြင်လိုက်ရတာက အရမ်းချောတဲ့ကောင်လေးတစ်ယောက်.... အရပ်ရှည်ရှည် အသားဖြူဖြူ ရုပ်ရည်ရူပကာအလွန်ခန့်ညားထယ်ဝါသူတစ်ဦး... မိန်ကလေးများကြားပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်ပုံရသည်
ထိုသူရဲ့ချောမောမှုတွေအောက်လင်းသစ် ခနတော့မှင်သက်မိလေရဲ့.....။"အားလုံပဲမင်္ဂလာပါ....ငါကမင်းအုပ်စိုး မသိနားမလည်တာရှိရင် ကူညီပေးကြပါဦးဗျ"
"ဟုတ်ပီ သားလေး ဟိုနားကလင်းသစ်ခေတ်ရဲ့ဘေးနား၀င်ထိုင်လိုက်နော်"
ဆရာမကျနော့်ကိုလက်ညိုးထိုးကာပြောနေသည် ထိုသူကလည်းကျနော့်ဆီလျှောက်လာလေပီ သူအနားရောက်လာတာနဲ့ နှာခေါင်းထဲ၀င်လာတဲ့အနံလေးတစ်ခု မွှေးလာသည်....သူ၏ကိုယ်သင်းနံ့လေး......
သို့ပေမဲ့ကြာကြာ သဘောမကျနိုင် မြင်သလောက်ကတော့သူသည်ကျနော့်လောက်နီးနီးချောသည်
ကျနော့ဖန်လေးတွေမျက်စိမကောင်းပဲသူ့သွားကြိုက်မှာတော့စိုးသည်....."မင်းနာမည်က လင်းသစ်ခေတ်တဲ့လား"
"ဒါငါ့အကြောင်းပါ မင်းသိစရာမလိုဘူး"
"ဟ အစွာလေးပါလား ချစ်ဖို့တော့ကောင်းသား"
"ငါသိတယ်"
"ဟုတ်ပါပြီဗျာ နှုတ်ဆက်ခွင့်လေးတောင်မပေးပါလားနော်"
"ဟုတ်တယ် ဘာဖြစ်လဲ"
"ဘာမှမဖြစ်ပါဘူးဗျာ"
"အင်း"
ကျနော်သူကိုခက်ချေချေပြောဆိုနေသည်ကို ကျနော်သူငယ်ချင်းတွေကစိုက်ကြည့်နေကြသည်...
ထိုအခါထိုသူကို အတန်းတွင်းမှရှိတဲ့ ရှိုင်းသုတနဲ့မြတ်မင်းမောင်တို့ကဝင်နှုတ်ဆက်လေသည်..."Hi မင်းက မင်းအုပ်စိုးမှတ်လား ငါကမြတ်မင်းမောင် သူကရှိုင်းသုတ"
"အော် တွေ့ရတာဝမ်းသာပါတယ် ငါမှာလည်းသူငယ်ချင်းမရှိဘူးဆိုတော့"
"ရပါတယ်ဟ ငါတို့ကခင်တတ်ပါတယ်"
"ကဲ ကဲအားလုံးစာသင်ကြမယ် စာအုပ်ထုတ်ကြ"
ဆရာမပြောလိုက်တဲ့အတွက်ကြောင့်မြတ်မင်းမောင်နဲ့ရှိုင်းသုတတို့က ကိုယ့်နေရာကိုထိုင်ကြသည်
ကျနော်နဲ့ထိုကျောင်းသားသစ်နဲ့ဘေးချင်းကပ်ရက်ဆိုပေမယ့် မြတ်မင်းမောင်နဲ့က ရှေ့နောက်ပင်...
YOU ARE READING
တွယ်ငြိရာ သူ့လိုလူ
Romanceမြို့တစ်မြို့ရဲ့အကောင်းမွန်ဆုံးကျောင်းကြီးတစ်ကျောင်းထဲမှာ အလွန်ကိုချောမော စာတော်ပြီး ကောင်မလေးတိုင်းရဲ့ ပျိုတိုင်းကြိုက်နှင်းဆီခိုင်လေး "လင်းသစ်ခေတ်"..... ကျောင်းကိုအသစ်ပြောင်းလာပြီးဘက်စုံတော်တဲ့လူဆိုးလေး"မင်းအုပ်စိုး"က ပျိုတိုင်းကြိုက်နှင်းဆီခိုင်လ...