Ep-7

14 2 0
                                    

[Unicode]

"လင်းသစ် မင်းအုပ်စိုးပြန်သွားပြီလား"

"အေးပြန်သွားပြီဟ အိမ်ကခေါ်လို့တဲ့"

ခန့်သော်ကhotpotစားချင်လို့ဆိုပြီး ကျနော်တို့ကိုချက်ခိုင်းတယ် ခန့်သော်နဲ့မြတ်မင်းမောင်တို့ကတော့အိမ်ရှေ့မှာပန်းပင်ရေလောင်းနေလေရဲ့
လှိုင်းဝေနဲ့ဆောင်းကအသားလှီးနေပြီး
ကျနော်နဲ့မင်းသွန်းဆက်နဲ့ကကန်းစွန်းရွက်ချွေနေကြတယ်

"သူပြန်သွားတာငါလည်းမတွေ့ပါလားရော်"

"နင်မမြင်လိုက်လို့ဖြစ်မှာပါ ထွက်စရာအရှေ့ကတံခါးတစ်ပေါက်ပဲရှိတာကို"

ကျနော်ခေါင်းထဲမှာသူ့အကြောင်းတွေကြီးပဲစဉ်းစားနေမိတယ် 'သူကျနော်ကိုစိတ်ဆိုးသွားပြီလား' 'သူအိမ်ပြန်တာအဆင်မှပြေပါ့မလား' 'အိမ်ကရောဘာတွေပြောမှာလဲ' 'ကျောင်းပြန်တက်ရင်သူ့ကိုဘယ်လို‌စကားပြောရမလဲ' 'ငါ့ကိုမုန်းများမုန်းသွားပြီလား'

"လင်းသစ် လင်းသစ်! နင်ဘာတွေစဉ်းစားနေတာလဲ"

"ဘာ..ဘာစဉ်းစားလို့လဲ မစဉ်းစားပါဘူး"

"အဲ့ဆိုဘာလို့ ကန်းစွန်းရွက်ကိုကြောင်ကြောင်ကြီးကြည့်နေတာလဲ"

"အော် ဒါ‌ချွေပြီးရင် ဘာဆက်လုပ်ရမလဲတွေးနေတာ"

"ဆောင်းဆီလာကူလေ"

ကျ‌နော်အရှေ့မှာမတ်တပ်ရပ် အသားလှီးနေတဲ့ ဆောင်းသံစဉ်အသံပင်

"ညီမလေး အကိုကူပေးနေတာပဲ"

"လှိုင်း‌ဝေကိုမပြောပါဘူး ဆောင်းကလင်းကိုပြောနေတာ
ပြီးတော့ဆောင်းကိုညီမလေးလို့လာမခေါ်နဲ့ အသက်အဲ့လောက်ငယ်တာလည်းမဟုတ်ပဲနဲ့"

"အဲ့ဆိုလင်းသစ်ကရောဘာလို့ခေါ်ခွင့်ရတာလဲ"

"လင်းကလင်း မတူပါဘူး"

မေသွန်းတစ်ယောက်ရယ်နေသည် ကျနော်မရယ်နိုင် ဆောင်းကကျနော်ကိုကြိုက်နေတယ်ဆိုတာသိအောင်တမင်လုပ်နေသလိုပဲ မင်းအုပ်စိုးစိတ်ဆိုးသွားတာလည်းမထားစမ်းပါ ကျနော်သာသူ့နေရာမှာဆိုရင်လည်းဒေါသထွက်မိမှာပဲ
'နေစမ်းပါဦး ငါဘာတွေတွေးနေမိတာလဲ'

You've reached the end of published parts.

⏰ Last updated: Nov 20, 2022 ⏰

Add this story to your Library to get notified about new parts!

တွယ်ငြိရာ သူ့လိုလူWhere stories live. Discover now