အပိုင်း -၃၃၄

714 38 0
                                    

Unicode

အပိုင်း -  ၃၃၄  သူမ ပြန်မလာတော့ဘူး (1)

လုရိချန် က သူ့အား အကြောင်းမပြန်ဘဲ ဆက်လျှောက်သွားခဲ့သည်။

"ရှင်းအောင်ပြောစမ်း!"

ယင်းရှောင်ကျဲ က ဒေါသတကြီးအော်လိုက်ပြီး လုရိချန်ဆီ လိုက်ဖို့ ကြိုးစားနေကာ ခြေလှမ်းကြီးတွေနဲ့ ရှေ့ကို လှမ်းလိုက်သာ်။

ဟန်ချီချင် က စိုးရိမ်တကြီးနဲ့ ယင်းရှောင်ကျဲကိုကြည့်ရင်း အမြန်နောက်ကို အတင်း ပြန်ဆွဲလိုက်ပြီး

"အမေရိကကို ပြန်တယ် ၊ ယင်းရှောင်ကျဲ... ဘာကိစ္စရှိလို့လဲ။ရှောင်းရှောင် က ဘာလို့ အမေရိကကို ရုတ်တရက် ပြန်သွားရတာလဲ။"

ယင်းရှောင်ကျဲ သည် ပေါက်ကွဲလုနီးပါးဖြစ် နေပြီး

"ငါဘယ်လို သိမှာလဲ!"

သူမှာ အခု  ဘာဖြစ်သွားမှန်းတောင် မသိ!

ရှောင်းရှောင် တကယ်ပဲ အမေရိကန်နိုင်ငံကို ပြန်သွားခဲ့တာလား။

ဘာကြောင့်?

ဘာလို့ ရုတ်တရက်ကြီးလဲ။

အတိအကျ ဘာဖြစ်ခဲ့လို့ လဲ။

ဟန်ချီချင် က သူ့ကို အံ့ဩစွာ ကြည့်လိုက်ပြီး

" စောန နင် ဖုန်းပြောဖို့ ထွက်သွားလို့ ရှောင်းရှောင် နင့်ကို လိုက်ရှာနေတယ်လေ... နင် သူ့ကို မတွေ့ဘူးလား?"

ယင်းရှောင်ကျဲ တောင့်တင်းသွားပြီး တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်လိုက်သည်။

ရှောင်းရှောင် က သူ့ကိုလိုက်ရှာနေခဲ့တာလား။

သူမ အန်းဇီရှင်း နှင့်တွေ့ပြီး အန်းဇီရှင်းက  သူတို့၏ဆက်ဆံရေးကို လွဲမှားစေခဲ့ခြင်းဖြစ်နိုင်မလား။

ဖုန်းပြောနေစဉ် ယင်းရှောင်ကျဲ ၏ ချောမောသော မျက်နှာသည် ရေခဲကဲ့သို့ အေးစက်နေပုံရပြီး ကွန်ဒို၏ ကားရပ်နားရာ နေရာသို့ ကားကို  တန်းမောင်းသွားလိုက်သည်။

"မင်းဘယ်လိုနည်းလမ်းတွေသုံးလဲဆိုတာ ငါဂရုမစိုက်ဘူး။ ဘာပဲလုပ်ရလုပ်ရ  ဒီနေ့ညတွင် မင်းကို မြို့တော် A က  နေရာတိုင်းးကို ရှာဖွေစေချင်တယ် ။ မင်း သူမကို သေချာပေါက် ရှာတွေ့ရမယ်။ သဘောပေါက်သလား?"

 ချစ်ခြင်းဘီလီယံ 3 ခေတ္တ ရပ်နား ( Billion of Pampering Only For You 3 )Where stories live. Discover now