အပိုင်း - ၃၆၆

559 30 0
                                    

Unicode

အပိုင်း ၃၆၆ - နင် ငါ့ ကို အကောင်းဆုံး ဆက်ဆံပေးတယ် (၃)

မုရှောင်းရှောင် နှင့် ဝီလီယမ်၏ အပြုအမူကို မြင်သောအခါ ဘက်တီ သည် ကောလဟာလများသည် မှားယွင်း နေကြောင်း သိလိုက်ရပြီး အနည်းငယ် စိတ်တိုလာသည်။

သူမမိသားစုက ဘာလို့ ဒေဝါလီခံမရသေးတာလဲ။

ဒါသာ အမှန်ဖြစ်မယ် ဆိုရင် သိပ်ကောင်းမှာပဲ!

မုရှောင်းရှောင် တစ်နေ့တာလုံး ဘာကိုမှစိတ်မပူရဘဲ ပျော်ရွှင်နေတာကိုမြင်ရတာကို ဘက်တီ အလွန်စက်ဆုပ်မုန်းတီး နေမိသည်။

မုရှောင်းရှောင် ရုတ်​တရက်​ထရပ်​ပြီး ဘက်တီ ကို စိုက်​ကြည့်​လိုက်​သည်​။ နောက်မှ နှာခေါင်းကို လက်ညှိုးထိုးပြရင်း မုရှောင်းရှောင် က

“နင့်ရဲ့ မလိုမုန်းထားစကားတွေကို ငါမကြိုက်ဘူး။ တရုတ်ပြည်ကို ခေတ်နောက်ကျတဲ့နိုင်ငံလို့ ခေါ်တာ ဘာကိုဆိုလိုချင်တာလဲ။ နင် တရုတ်ပြည်ကို ရောက်ဖူးလား။ ငါတို့နိုင်ငံရဲ့ အစွမ်းအစကို နားလည်လို့ လား။ နင့်ရဲ့အမြင်တွေက ဘယ်လောက် တောင် ကျဉ်းလိုက်သလဲ။ ဘက်တီ၊ အို ဘက်တီ၊ မိန်းကလေးတစ်ယောက်အနေနဲ့၊ နင် တစ်နေ့တာလုံး အိတ်တွေဝယ်ဖို့ကိုပဲ ဂရုမစိုက်နေသင့်ဘူး။ နင့်ရဲ့အမြင်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာအောင် လုပ်သင့်တယ်၊ ဒါမှမဟုတ်ရင် နင်က အမြင်ကျဉ်းတဲ့သူပဲဖြစ်နေလိမ့်မယ်။”

"နင်-"

ဘက်တီ ၏မျက်နှာသည် အစိမ်းရောင်နှင့် ခရမ်းရောင်ကြားတွင်  အရောင်ပြေးကာ လှည့်ပတ်နေသည်။

"နင်က ဘာမို့လို့ ငါ့ကို ပညာလာပေးရတာလဲ။ နင့်ကိုနင် ဘယ်သူလို့ထင် နေတာလဲ။ နင်ဒီမှာ ရှိနေပြီး ဒီလောက် ကောင်းတဲ့ ဇိမ်ခံတဲ့နေရာကို ငါ့ဝမ်းကွဲအကိုကြောင့်  ရောက်လာနိုင်တာ။ မဟုတ်ရင် နင်တစ်သက်လုံး ဒီကို ရောက်ဖူးမှာ  မဟုတ်ဘူး။”

မုရှောင်းရှောင် စိတ်ထဲ ထောင်းခနဲ ဒေါသထွက်သွား ပေမယ့် ဦးနှောက်မရှိတဲ့ လူနှင့် ဆက် ငြင်းခုန်ရန် စိတ်မပါတော့။

ဉာဏ်ရည်နိမ့်ပါးသူနှင့် ရန်ဖြစ်ခြင်းသည် သူမ၏အဆင့်အထိ အား အောက်ကျသွားစေကာ အဆင့်အတန်း တူသွားစေမည်ဖြစ်သည်။

 ချစ်ခြင်းဘီလီယံ 3 ခေတ္တ ရပ်နား ( Billion of Pampering Only For You 3 )Where stories live. Discover now