အပိုင်း - ၃၅၉

633 29 0
                                    

Unicode

အပိုင်း  ၃၅၉ ၊ သူက  ငါ့ရည်းစား (၁)

"မင်း ဘယ်သူလဲ?!"

"မင်း ဘယ်သူလဲ?!"

ကောင်လေးနှစ်ယောက်စလုံးက တစ်ယောက်ကိုတစ်ယောက် စူးစူးစိုက်စိုက်ကြည့်ရင်း တစ်ချိန်တည်းမှာပင်  မေးခွန်းထုတ်လေထုက  လျှပ်စီးလျှပ်ကာ မိုးကြိုးမီးတောက်နေသကဲ့သို့ ဖြစ်နေသည်။

မုရှောင်းရှောင် အံ့သြသွားပြီး

"ယင်းရှောင်ကျဲ ၊ ငါဒီမှာရှိမှန်း နင်ဘယ်လိုလုပ်သိတာလဲ"

ယင်းရှောင်ကျဲ  က သူမလက်မောင်းကို လှမ်းဆွဲလိုက်ပြီး နက်မှောင်သော မျက်လုံးများက သူမကို စိုက်ကြည့်နေသည်။

“ငါနဲ့လိုက်ခဲ့”

ယင်းရှောင်ကျဲ  ဒေါသကိုထိန်းထားဖို့ ကြိုးစားရင်း ရက်စက်တဲ့လေသံနဲ့ ပြောလာသည်။

“မလိုက်ဘူး!”

မုရှောင်းရှောင် သည် သူမ၏ လက်ကို လိမ်ကာ တွန်းဖယ်ရန် ကြိုးစားလိုက်သည်။

"ရှောင်းရှောင်၊ ရုန်းမနေနဲ့၊ ငါတို့..."

သူ မဆုံးခင် မုရှောင်းရှောင်ကို အခြားတစ်ယောက်ရဲ့ လုယူခြင်းကို ခံခဲ့ရပြီးပြီ ဖြစ်သည်။

ဝီလီယမ်သည် မုရှောင်းရှောင် ကို သူ့ဘေးသို့ ဆွဲခေါ်လိုက်ပြီး သူမရှေ့တွင်  မားမားမတ်မတ်ရပ်လိုက်သည်။ သူက ယင်းရှောင်ကျဲ  ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်ရင်း

"မင်း ဘယ်သူလဲ?"

ယင်းရှောင်ကျဲ  က သူ့ကို အလွန်အကဲခတ်ပြီး

“မင်းကရော  ဘယ်သူလဲ။ ငါ့မိန်းမနဲ့ ငါ စကားပြောနေတာ ၊  မင်းရဲ့‌ စောက်လုပ် တစ်ခုမှ မပါဘူး!”

ဒီလူက ရှောင်းရှောင် ကို  ပွေ့ဖက်ထားရက်း ရှောင်းရှောင် ကို ကာကွယ်တဲ့ အနေအထားမှာ  ဘယ်လိုလုပ်ရှိ‌နေရလဲ ဆိုတာကို တွေးနေရင်းနဲ့ သူ့ခေါင်းထဲကို သွေးတွေ တဟုန်ထိုး စီးလာသလိုပင်။  မျက်စိတွေကပါ နီရဲပြီး နာကျင်လာရသည်။

"မင်းမိန်းမ?"

ဝီလီယမ် တုန်လှုပ်သွားသည်။ မုရှောင်းရှောင် ကို လှည့်ကြည့်လိုက်ကာ

 ချစ်ခြင်းဘီလီယံ 3 ခေတ္တ ရပ်နား ( Billion of Pampering Only For You 3 )Where stories live. Discover now