အပိုင်း -၃၅၅

609 29 0
                                    

Unicode

အပိုင်း ၃၅၅- ငါအနိုင်ကျင့်ခံရတယ် (၂)

မုရှောင်းရှောင် က နားမလည်ဟန်ဆောင်ကာ

"နင် ဘာလို့ ဒီလိုမျိုး ရိုးရှင်းတဲ့ အကြံပေးတာလဲ။ တစ်မျိုး ဆန်း အောင်လုပ်စမ်းပါဦး ”

ကောင်မလေးက ဒါကိုကြည့်တော့ နည်းနည်းတော့ စိုးရိမ်တယ်။ သူမ၏ အစီအစဥ်ပျက်သွားမည်ကို စိုးရိမ်သဖြင့် သူမက

“ငါလက  ငြိမ်းချမ်းစွာ ဖြေရှင်းချင်တာပါ ။ နောက်ပြီး ငါရှုံးခဲ့ရင်တောင် အဲဒီလူရဲ့ နံပါတ်ကို ငါရနိုင်တယ် ၊ ဒါကြောင့် ငါ့အတွက် လုံးဝဆုံးရှုံးမှုမရှိဘူး”

ထိုစကားကြောင့် မုရှောင်းရှောင် နက်မှောင်စွာ ပြုံးလိုက်သည်။

ဒါဆို နင် သူ့နံပါတ်ရနိုင်လောက်တဲ့ အထိ ကံကောင်းပါ့မလား ကြည့်လိုက်ရအောင်။

အပြင်မှာ ရပ်နေတဲ့  ချောမောတဲ့ကောင်လေးက ဝီလီယမ် လို့ခေါ်သည်။ ပြိုင်ဖက် ကောင်မလေးက ဝီလီယမ်ကို အထက်တန်းကျောင်းရှိ ထင်ရှားတဲ့ လူတွေထဲက တစ်ယောက်ဖြစ် နေတာကြောင့်  သူ့ကို သိ နေတာပင်။

သို့သော်၊ သူ၏ ထူးဆန်းသော သဘောသဘာဝကြောင့် သူစိတ်သည် အလွန်ပင် မှန်းဆမရဘဲ၊ သူ့ကို သွေးဆောင်ဖျား ယောင်းသော မိန်းကလေး အများအပြားသည်လဲ  ပြင်းထန်စွာ အပြစ်ပေးခံရတတ်သည်။  နောက်ဆုံးတွင်—အချို့သည် ရုပ်ပျက်ဆင်းပျက် ဖြစ်သွားကြသည်! ဘာပဲဖြစ်ဖြစ် သူ့ရဲ့ ရက်စက်ကြမ်းကြုတ်မှု ကောလာဟလတွေ ပြန့်နှံ့လာတာနဲ့အမျှ မိန်းကလေးတွေ တဖြည်းဖြည်းနဲ့ သူ့ကို ရှောင်လာကြတာပင်။

ဒီကောင်မလေးက သခင်လေးဝီလီယမ် ရဲ့ နံပါတ်ကို ယူဖို့ မုရှောင်းရှောင် ကို တောင်းဆိုရခြင်းရဲ့ အကြောင်းအရင်းကတော့ အတိအကျပါပဲ။

သူမသည် မုရှောင်းရှောင် ဒုက္ခရောက်ခြင်းကို မျက်မြင်တွေ့ချင်ခဲ့သည်။

မုရှောင်းရှောင် သည် ဒီကောင်မလေး၏ စိတ်ကျေနပ်နေတဲ့  အသွင်အပြင်ကြောင့် သဘောကျသွားမိသည်။

မုရှောင်းရှောင် က ယုံကြည်မှုအပြည့်နဲ့ ပြုံးလိုက်ကာ

"ကောင်းပြီ ရတယ်  လောင်းကြရအောင်။ ဒါဘပေမယ့်  ငါ့အတွက် နည်းနည်း မတရားဘူး။ ငါရှုံးရင်   နင့် အတွက်အဝတ်အစားကို ဝယ်ပေးရမာ် ၊ ဒါပေမယ့် နင်ရှုံးရင်ကော  နင် ငါ့အစား ငွေပေးပြီး အ၀တ်ကို ပေးမှာလား"

 ချစ်ခြင်းဘီလီယံ 3 ခေတ္တ ရပ်နား ( Billion of Pampering Only For You 3 )Where stories live. Discover now