အပိုင်း - ၄၂၁

534 32 0
                                    

Unicode

အပိုင်း ၄၂၁  - ယင်းရှောင်ကျဲ ၏ အလွန်အကျွံတောင်းဆိုမှုများကို မုရှောင်းရှောင် မည်သို့တုံ့ပြန်သင့်သနည်း။

မုရှောင်းရှောင် ခေတ္တရပ်လိုက်သည်၊ သူမ၏မျက်နှာသည် ပိုပူလာပြီး မော်တာတပ်ဆင်ထားသကဲ့သို့ နှလုံးခုန်သံများ ပြင်းထန်လာသည်။

စေတနာကောင်းလိုက်တာ

ငါ ဘာပြောခဲ့မိတာလဲ။

သူ့ကို ဘာသာသူ လုပ်ပစေပေါ့
သူ့ကိုကူညီမယ်လို့ဘာလို့ပြောလိုက်ရတာလဲ။

ဘုရားသခင်သည်သာ မုရှောင်းရှောင်၏ဦးနှောက်ထဲတွင် ဖောက်လွဲ‌ ဖောက်ပြန်သောအရာများဖြင့် ပြည့်နှက်နေမည်ကို သိလိမ့်သည်...

ယင်းရှောင်ကျဲ  သည် မုရှောင်းရှောင်၏ ကြောက်ရွံ့နေသော မျက်နှာကို စိုက်ကြည့်နေသည်။ ရုတ်တရတ် ပြုံးပြီး နှုတ်ခမ်းကို ကိုက်ကာ သူမကို ဖက်ထားလိုက်သည်။

"မိုက်မဲလှတဲ့ ကောင်မလေး!"

ယင်းရှောင်ကျဲက အပြုံးများ အပြည့်ပင်၊
သူ့မျက်လုံးတွေကလဲ  မုရှောင်းရှောင်ကို ချစ်ခင်မှုတွေဖြင့် ပြည့်နှက်နေသည်။။

မုရှောင်းရှောင်မှာ‌တော့ ယင်းရှောင်ကျဲ သူ့မကို နောင်တရသွား‌စေမယ့် တစ်ခုခုပြောမှာကို ကြောက်နေပြီး သူကိုသာ စိုက်ကြည် နေမိသည်။

ဒါဆို သူဘာတွေတွေးနေတာလဲ။

မုရှောင်းရှောင် ၏ နှလုံးခုန်သံသည် ခုန်နေပြီး သူမထံမှ မဖြစ်နိုင်တဲ့ တောင်းဆိုချက်များကို သူတောင်းဆိုနိုင်သည်ကို မှန်းဆရင်း သူမ မျက်နှာနီမြန်းသွားရသည်။

အဲဒါဆို ဘယ်လိုလုပ်ရမလဲ။

အစောနက ပြောလိုက်တာကို  ယင်းရှောင်ကျဲ အတည်ယူလိုက်ပြီး သူပြောသမျှကို လုပ်ပေးရတော့မည်လား။

ဟင့်အင်း မဖြစ်နိုင်ဘူး

မုရှောင်းရှောင် ၏နှလုံးသားသည် ထိတ်လန့်တုန်လှုပ်သွားသည့်အခါ ယင်းရှောင်ကျဲ  သည် သူမ၏အဝတ်အောက်မှ လက်ကို ရုတ်သိမ်းလိုက်သည်။

သူမရဲ့ ရှုပ်ထွေးနေတဲ့ ဆံကေသာတွေကို စီစဉ်ဖို့ သူမကိုတောင် ကူညီပေးခဲ့ပြီးတော့ သူက သူမရဲ့နှုတ်ခမ်းပါးလေးကို  အသာနမ်းလိုက်ပြီး

 ချစ်ခြင်းဘီလီယံ 3 ခေတ္တ ရပ်နား ( Billion of Pampering Only For You 3 )Where stories live. Discover now