Part - 4 ( Zg + Uni)

3.1K 110 0
                                    

ဇာတ်​ရှိန်​ကလည်း တက်​ပြီးရင်း တက်​​နေပါလား
😍😍😍🤩🤩🤩🤩

*အမုန်းနဲ့ အားပြိုင်မယ့် ချစ်ခြင်းတရား*😍😍😍အပိုင်း-(4)

နီရဲ​နေ​အောင်​ ကွမ်း​သွေး​တွေ ​ရတဲ့အထိ တိုက်​ ဝါး​နေလိုက်​သည်​။
ပြီးတဲ့​နောက်​မှာ​တော့ တိုက်​ မတ်​တပ်​ထရပ်​လိုက်​ကာ ​နေ​သွေးနဲ့ သုတမြတ်​ကိုတို့ စကား​ပြောလိုက်​​လေသည်​။

"မင်းတို့နှစ်​​ယောက်​ ငါ​နောက်​က​​နေ လိုက်​မလာကြနဲ့ "

ရောက်ခြယ်လင်းတို့ ဝိုင်းနားကို တိမ်စိုင်တိုက်သွားလိုက်ပြီး သူ့ပါးစပ်ထဲက ဝါးနေတဲ့ ကွမ်းသွေး တွေကို ရောင်ခြယ်လင်း ခြေချောင်းလေးတွေအပေါ် မတော်တဆပုံစံလုပ်ရင်း ထွေးလိုက်လေသည်။
" ထွီ "

"တိမ်စိုင်တိုက် အဲ့ဒါနင်ဘာလုပ်တာလဲ "

"ဆောရီး ဖက်တီးမ " "နင်က ဝနေတော့ငါ မမြင်ဘူးလေ "
"အဲ့ဒါကြောင့် ထွေးမိသွားတာ "
"so sorryပဲ "
ပြောပြီး တိမ်စိုင်တိုက် သူ့ခုံကို လှည့်အပြန် ရုတ်တရက် ခုံပေါ်က မားမားခေါက်ဆွဲပန်းကန်ကို ရောင်ခြယ်လင်း လှမ်းယူလိုက်ကာ
တိမ်စိုင်တိုက်ခေါင်းပေါ်ကနေ အကုန်လုံးကို လောင်းချသွန်ပစ်လိုက်လေသည်။
တိမ်စိုင်တိုက်လည်း သူ့တစ်ကိုယ်လုံးကို ခေါက်ဆွဲဖတ်တွေနဲ့
လောင်းချခြင်းခံလိုက်ရတာကြောင့် ဒေါသအတော်ထွက်သွားလေသည်။
ကန်တင်းက လူတွေလည်း သူတို့နှစ်ယောက်ကို အသားကုန်စိုက်ကြည့်နေလေသည်။

"နင်ဒါဘာလုပ်တာလဲ ဖက်တီးမ "

"ငါလည်း နင့်လို မမြင်လို့လေ " "စိတ်မကောင်းပါဘူး
တိမ်စိုင်တိုက် " "so sorry "

သူ့ကို အကုန်ဝိုင်းကြည့်နေကြတဲ့ လူတွေကို တိမ်စိုင်တိုက်
မြင်သွားတော့ ရှက်တာ က တစ်ကြောင်း၊ ဒေါသထွက်တာရော
ပေါင်းပြီး အသားတွေ တဆက်ဆက်တုန်လာလေသည်။
"ရောင်ခြယ်လင်း နင်ငါ လုပ်ရင်သေတော့မယ်နော် "

"လုပ်ကြည့်လိုက်လေ" " ရောင်ခြယ်လင်းဆိုတဲ့ ငါကလည်း
ငြိမ်ခံနေမယ် ထင်လို့လား တိမ်စိုင်တိုက်ရဲ့ "
"လုပ်ကြည့်လိုက်စမ်းပါ "

အမုန်းနဲ့ အားပြိုင်မယ့် ချစ်ခြင်းတရား ( တိမ်စိုင်တိုက် + ရောင်ခြယ်လင်း) Where stories live. Discover now