Part - 17 ( Zg + Uni)

2.5K 96 0
                                    

*အမုန်းနဲ့ အားပြိုင်မယ့် ချစ်ခြင်းတရား*😍😍😍အပိုင်း-(17)

""အားလုံးပဲ ဒီနေ့ အစည်းအဝေး နားကြမယ်နော် """
""ကျတော် နိုရာနဲ့ အရေးကြီးပြောစရာရှိလို့ """

တိုက်ရဲ့ စကားဆုံးတာနဲ့ အစည်းအဝေးခန်းထဲက လူ
တွေအားလုံး အလျိုလျိုနဲ့ ထွက်သွားကြလေသည်။

ရောင်ခြယ်လင်း ရဲ့ မှိုင်းနေတဲ့ ပုံစံကို ကြည့်ပြီး
ပန်းနု သဘောတွေကျနေလေသည်။
""ညီမလေးရောင် သွားမယ်လေ ""
""တော်ကြာ အစ်မတို့ကြောင့် ဘော့စ်ရဲ့ ကြည်နူးခြင်း
လေး ပျက်သွားအုံးမယ် """"

""ဟုတ်.... ""
မပန်းနု ပြောမှ ရောင် သတိဝင်လာပြီး ယောင်ယောင်မှားမှားနဲ့
ထိုအခန်းထဲကနေ အမြန်ထွက်လာခဲ့လေသည်။

""ညီမလေးရောင် ဘာဖြစ်တာလဲ """
"" နေမကောင်းဘူးလား """

ဘော့စ်နဲ့ နိုရာကို မြင်ကတည်းက ဒီလိုပုံစံဖြစ်နေတာကို
ပန်းနု သိသိကြီးနဲ့ တမင်မေးလေသည်။

""မဟုတ်ပါဘူး အမပန်းနု ""
"" ရောင် နေကောင်းပါတယ် """

လုပ်လက်စ အလုပ်တွေကို အာရုံထားပြီး ရောင်
ဆက်လုပ်နေလိုက်သည်။

"""ကျေးဇူးပဲ အမပန်းနု ""
""နိုရာကို အခုလို ပြောပြပေးလို့ """
""ရော့... အမအတွက် မုန့်ဖိုး """

""မလိုပါဘူး နိုရာလေးကလည်း """
""အမက နိုရာလေးကို ချစ်လို့ ပြောပြပေးတာ """

ပါးစပ်ကသာ မယူဘူးပြောနေပေမဲ့  လက်က ပိုက်ဆံတွေကို
အမြန်လှမ်းယူပြီး ပြုံးရွှင်နေသော ပန်းနုဆိုတဲ့ မိန်းမကို
နိုရာ ကြည့်ပြီး ပြုံးလိုက်လေသည်။

ဒါလင်က ရောင်ခြယ်လင်းဆိုတဲ့ ကောင်မလေးအပေါ်
သာမန်ထက်ပိုမပိုကို နိုရာ စမ်းသပ်ကြည့်ရအုံးမည်။

""ဒါလင် နိုရာ ကော်ဖီ သောက်ချင်တယ် ""

""ခဏနော် နိုရာ ""
သူ့စားပွဲက ဖုန်းနဲ့  အပြင်က ရောင်ခြယ်လင်းကို
တိုက် လှမ်းခေါ်လိုက်လေသည်။
ခဏကြာတော့ ရောင်ခြယ်လင်း ရောက်လာလေသည်။

""ရောင်ခြယ်လင်း  နိုရာ အတွက် ကော်ဖီ သွားဖျော်ပေးအုံး''
""နောက်ပြီး ငါ့အတွက်ပါ တစ်ခါတည်း ဖျော်ခဲ့လိုက် ""
""ဒါနဲ့ နိုရာက ကော်ဖီဆို အချို သောက်တာ""
""ငါ့အတွက်က အခါးဖျော်ခဲ့လိုက် """"

အမုန်းနဲ့ အားပြိုင်မယ့် ချစ်ခြင်းတရား ( တိမ်စိုင်တိုက် + ရောင်ခြယ်လင်း) Where stories live. Discover now