Part - 10 ( Zg + Uni)

2.9K 95 1
                                    

*အမုန်းနဲ့ အားပြိုင်မယ့် ချစ်ခြင်းတရား*😍😍😍အပိုင်း-(10)

ငါးနှစ်​ကြာပြီး​နောက်​........................,

(နယူးဇီလန်​နိုင်​ငံတွင်​..)

"ဂုဏ်ယူပါတယ် Mr. တိမ်စိုင်တိုက်
အခုလို ခင်​ဗျားရဲ့ ကုမ္ပဏီက Top 3ထဲမှာ ပါသွားတဲ့အတွက်​ "

"​Thanks (​ကေ်းဇူးပါ)

"ခင်​ဗျားက တကယ့်​ပြိုင်​စံရှားပဲ ​ကျောင်းတက်​​နေရင်းတန်းလန်းနဲ့
အခုလို ခင်​ဗျားကုမ္ပဏီကို အားလုံးထဲမှာ အမြင့်​ဆုံးထိဖြစ်​​အောင်
လုပ်​နိုင်​ခဲ့လို့ "

"​ကေ်းဇူးပါ "
နယူးဇီလန်​နိုင်​ငံရှိ ကုမ္ပဏီ​ပေါင်းစုံ ပြိုင်​ပွဲမှာ လာတဲ့စီးပွား​ရေးရှင်
လုပ်​ငန်းသမားများအားလုံးက သူ့ကို ဂုဏ်​ယူမဆုံး ဖြစ်​​နေကြ
သည့်​အတွက်​ တိုက်​ ပီတီဖြစ်​​နေ​မိသည်​။

ပွဲပြီး​တော့ သူ မြန်​မာနိုင်​ငံကို ပြန်​လာဖို့ သူ့တပည့်​အမွှာနှစ်​​ယောက်​ကို တိုက်​ ပြင်​ဆင်​ခိုင်း​လေသည်​။

"​ဂျော်နီနဲ့ ​ဂျော်​ကာ မင်းတို့ဒီတစ်​သက်​ ငါပြန်​ဖို့ ပြင်​တာ ပြီးအုံးမှာလား "

"ပြီးပါပြီ ​ဘော့စ်​ကလည်း "
ဂျော်​ကာဆိုတဲ့ နာမည်​အတိုင်း သူ့​ဘော့စ်​ကို ​ပြောင်​စပ်​စပ်​နဲ့ ​ဖြေလိုက်​​လေသည်​။ အမွှာထဲမှာ အကြီးဆုံးဖြစ်​ပြီး အူ​ကြောင်​​ကြောင်​နဲ့ပင်​။ အငယ်​​ကောင်​​ဂျော်​နီ ကမှ သူ့ထက်​အငယ်​လည်းဖြစ်
တည်​လည်းတည်​ငြိမ်​သည်​။

"​ဘော့စ်​ခိုင်းတာ မှန်​သမျှပြီးပါပြီ "
ဂျော်​နီ အ​ဖြေကြားမှ တိုက်​ အ​မော​ပြေရသည်​။

"ဒါနဲ့ ဒီဝက်​ဝံအရုပ်​အကြီးကြီးက​ရော ​ဘော့စ်​ "
ပြောပြီး သူရဲ့ အရုပ်​ကြီးကို မ ရန်​ပြင်​​နေတဲ့ အကြီး​ကောင်
ဂျော်​ကာ စကား​ကြောင့်​ တိုက်​ အမြန်​​ပြေးလာပြီး ​ပြောလိုက်​ရသည်​။

"​မ.... မ.....နဲ့ ​ဟေ့​ကောင်​ ​ဂျော်​ကာ မင်းအဲ့ဒီအရုပ်​ကြီးကို လုံးဝမထိနဲ့ ထိလို့က​တော့ အလုပ်​ထွက်​ဖို့သာပြင်​ထား "
စိတ်​​တွေပူပြီး အရုပ်​ကြီးမှာ ချိတ်​ထားတဲ့ ပိုက်​ဆံစက္ကူ
လေး​တွေကို ​အောက်​များပြုတ်​ကျပြီလားဆိုတဲ့ အ​တွေးနဲ့
တိုက်​ ​သေချာကြည့်​​လေသည်​။
သူ​ခေါက်​ထားတဲ့ ကြယ်​ ပိုက်​ဆံစက္ကူ​လေးက အခုဆိုရင်
နှစ်​​ထောင့်​နှစ်​ဆယ့်​ရှစ်​ရွက်​ပင်​ရှိသွားပြီ​လေ။
ဘာအတွက်​​ကြောင့်​ သူ​ခေါက်​​နေမိသည်​ကို သူကိုယ်​တိုင်​လည်း
အခုထိ သူ မသိ​ခဲ့ပါ။ ထို​မေးခွန်းအတွက်​ သူ့မှာ အ​ဖြေမရှိပင်​။

အမုန်းနဲ့ အားပြိုင်မယ့် ချစ်ခြင်းတရား ( တိမ်စိုင်တိုက် + ရောင်ခြယ်လင်း) Where stories live. Discover now