Part - 15 ( Zg + Uni)

2.7K 98 0
                                    

*အမုန်းနဲ့ အားပြိုင်မယ့် ချစ်ခြင်းတရား*😍😍😍အပိုင်း-(15)

နေသွေး ဒယ်ဒီနဲ့ မာမီက သူတို့ သားသူငယ်ချင်း သုသုချစ်ဆိုတဲ့
ကောင်မလေးကို သဘောတွေကျပြီး ချွေးမတော်ချင်နေလေသည်။
အခုလည်း သူတို့သားနေမကောင်းဘူးဆိုတာနဲ့ ဆန်ပြုတ်ပြုတ်ပြီး
ကိုယ်တိုင်ယူလာတဲ့ သုသုချစ်ကြောင့် ပိုလို့ပင် ချွေးမတော်ချင်သွားလေသည်။

""နေသွေး နင့်အတွက်  သုသု ဆန်ပြုတ်ယူလာတယ် ""
"" သုသု နေသွေးကို ခွံကျွေးမယ်နော် ""

""ငါမစားချင်ဘူး သုသု ငါဗိုက်မဆာဘူး ""

""နင် မစားလို့မရဘူး နေသွေး
နင်စားကို စားရမယ်   ""
""နောက်ပြီး နင်ကဖျားပြီး အားမရှိဖြစ်နေတာ
အဲ့ဒီအတွက်ကြောင့် ပိုလို့ စားသင့်တယ် ""

""ကျေးဇူးပါ သုသု ""

သူတို့သားကို ဆန်ပြုတ်ခွံကျွေးနေတဲ့ မတော်ရသေးသော ချွေးမလောင်းသုသုကို ကြည့်ပြီး နေသွေးမိဘနှစ်ပါးစလုံး
သဘောတွေကျနေကြသည်။
ဆန်ပြုတ်ကျွေးဖို့ ခဲယဉ်းတဲ့ သူတို့သားက
အခု သုသုဆိုတဲ့ကောင်မလေးရဲ့ စကားတစ်ခွန်းကြောင့် စားတာမြင်တော့ သားနဲ့ သုသု ကိုလက်ထပ်ပေးရန်
လင်မယားနှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး
အခန်းပေါက်ဝမှာ မျက်စပစ်နေကြသည်။

သူ့ကို ဆန်ပြုတ်တယုတယ ခွံကျွေးနေတဲ့ သုသု ကိုကြည့်ပြီး
နေသွေး သူ့စိတ်ထဲတစ်မျိုးလေး ခံစားလိုက်ရသည်။
သုသု မျက်နှာလေးကို နေသွေး အမှတ်တမဲ့ နဲ့ သတိလက်လွှတ်
အကြာကြီး ငေးကြည့်နေမိသည်။

သူမကို ငေးကြည့်နေတဲ့ နေသွေးကြောင့် သုသု ရှက်ပြီး
ဆန်ပြုတ်ကို မမှုတ်ဘဲ နေသွေးအား ခွံကျွေးမိလိုက်သည်။

"""အား... ပူလိုက္တာ"""

"""နေသွေး ရလား ရေသောက်.. .ရေသောက်""
""ပူတာ သက်သာအောင်.. ""

သူ့ကို ရေတိုက်လိုက် ၊ သူပူမှာကို
စိုးကာလက်သုတ်ဝတ်နဲ့ အတင်းသုတ်ပေးပြီး စိုးရိမ်နေတဲ့သုသု ကို နေသွေး ပြုံးပြီး ငေးကြည့်နေမိသည်။

သုသု လည်း နေသွေးနှုတ်ခမ်းကို လက်သုတ်ဝတ် နဲ့ သုတ်ပေးပြီးတာနဲ့
သူမကို ငေးကြည့်နေတဲ့ နေသွေးအကြည့်ကြောင့်
ရင်ခုန်သံတွေမြန်လာကာ ပြန်လည်ငေးကြည့်နေလေသည်။

အမုန်းနဲ့ အားပြိုင်မယ့် ချစ်ခြင်းတရား ( တိမ်စိုင်တိုက် + ရောင်ခြယ်လင်း) Where stories live. Discover now