Part - 22 ( Zg + Uni)

2.7K 76 0
                                    

*အမုန်းနဲ့ အားပြိုင်မယ့် ချစ်ခြင်းတရား*😍😍😍အပိုင်း-(22)

ဒိုင်ယာရီလေးကို ဖတ်ပြီး ရောင် အရမ်းစိတ်မကောင်း
ဖြစ်မိသည်။
တစ်ဆက်တည်း ကိုကြီး နဲ့ ကိုငယ်ကပါ တိုက် က နိုင်ငံခြားကနေ
မြန်မာပြည်ရောက်ရောက်ချင်း သူမ အနားမှာ တစ်ချိန်
လုံး ရှိပြီး အစအစအရာရာ ကူညီပေးခဲ့တယ်ဆိုတာကို
ပါ ပြောလာတော့ ရောင် ပိုပြီး ဝမ်းနည်းသွားလေသည်။
တိုက် မပေးဖြစ်ခဲ့တဲ့ ဝက်ဝံရုပ်ကြီးနဲ့ တိုက် သူမ အတွက်
ခေါက်ပေးထားတဲ့ ကြယ်ပုံစံပိုက်ဆံ နှစ်ထောင့်နှစ်ဆယ့်ရှစ်
ရွက် ကို ကိုင်ကြည့်ရင်းနဲ့ ရောင် ငိုချင်လာမိသည်။

သူမ ပုံတွေကို တစ်ခန်းလုံးအပြည့် ချိတ်ဆွဲထားတာ
တွေကိုလည်း ရောင် ကြည့်ရင်း ကြည့်ရင်း ပါးပြင်ပေါ်က မျက်ရည်တွေဟာ အလိုလို စီးကျလာသည်။

""" နေသွေး"""
""သုသု အဲ့ဒါ မကြိုက်ဘူး ဟိုဟာထည့်ပေး ""

""အင်း... ကိုယ်ထည့်ပေးမယ်နော် သုသု ကို ""

""ဟုတ်...... ""
""သုသု လည်း နေသွေး ကို ထည့်ပေးမယ်

နှစ်ယောက်သား ချစ်ကြည်နူးကာ ဟင်းတွေ အပြန်အလှန်
ထည့်ပေးနေကြသော သုသု နဲ့ နေသွေးကို ရောင် ကြည့်ပြီး
တိုက် နဲ့ သူမ ထမင်းအတူစားတုန်းက အချိန်ကို သတိရမိ
သွားသည်။ သူမ ပန်းကန်ထဲကို ဟင်းတွေ လိုက်ထည့်ပေး
သော တိုက် အကြောင်းကို ရောင် ပြန်တွေးမိပြီး မျက်ရည်တွေ ဝဲချင်လာမိသည်။

""ဆုလေး ဟ ""
"" ကိုယ် ခွံကျွေးမယ် ""

""ဟုတ်... သုတ ""

ပန်ဆုဝေ ကို ထမင်းခွံကျွေးနေသော သုတ ကြောင့်
ရောင် တိုက် ကို သတိရပြီး အထီးကျန်နေသလို ခံစား
နေရသည်။

တကယ်တမ်း ရောင့် ကို သုတတို့ အတွဲနဲ့ နေသွေးတို့
အတွဲက သူတို့အားလုံး ချစ်သူသက်တမ်းတစ်လပြည့်အနေနဲ့
ဖုန်းဆက်လှမ်းခေါ်လို့ ရောင် ဒီဆိုင်ကို ရောက်လာခြင်း
ဖြစ်သည်။ ဒီနှစ်တွဲကြားမှာ ရောင် က တစ်ယောက်
တည်း အဖော်မဲ့နေသလို ဖြစ်နေလေသည်။

သူတို့အားလုံးလည်း အခုမှ ဘာမှမစားဘဲ တစ်ခုခုကို
ငေးနေသော ရောင် ကို ကြည့်ပြီး သတိဝင်သွား
လေသည်။
""ရောင် ဆောရီးနော် ငါတို့အားလုံးနင့်ကို
ပစ်ထားသလိုဖြစ်မိသွားတဲ့ အတွက် ""
"" ဆောရီးပါနော်""

အမုန်းနဲ့ အားပြိုင်မယ့် ချစ်ခြင်းတရား ( တိမ်စိုင်တိုက် + ရောင်ခြယ်လင်း) Where stories live. Discover now