Part - 16 ( Zg + Uni)

2.7K 114 0
                                    

*အမုန်းနဲ့ အားပြိုင်မယ့် ချစ်ခြင်းတရား*😍😍😍အပိုင်း-(16)

ဆယ့်​နာရီထိုး​တော့ မိုးက ရုတ်​တရက်​ ရွာချလာတာ​ကြောင့်
ရောင်​ စိတ်​ညစ်​သွား​လေသည်​။
မိုးရွာ​နေတာ​တောင်​ တိုက်​ရဲ့ မပြီးမချင်းနှူတ်​ရမယ်​ဆိုတဲ့ စကား​ကြောင့်​ အိမ်​ထဲမဝင်​ဘဲ အားကြိုးမာန်​တက်​နဲ့ မြက်​​တွေလိုက်​နှူတ်​​လေသည်​။

"""​ဝေါ.....​ဝေါ....​ဝေါ """
မိုးသံ​တွေကြားမှ တိုက်​ သတိဝင်​လာပြီး  သူ့တပည့်​နှစ်​​ကောင်​ကို
ရောင်​ အား သွား​ခေါ်ခိုင်း​လေသည်​။

"""အ​သေး​လေး """
""​ဘော့စ်​က  အိမ်​ထဲဝင်​လာခဲ့​တော့တဲ့  မြက်​​တွေမနှူ​တ်​​တော့
နဲ့တဲ့ "

ကိုကြီး နဲ့ ကိုငယ်​စကားကို  ​ရောင်​လျစ်​လျူရှူလိုက်​ပြီး....
""ကိုကြီးနဲ့ ကိုငယ်​တို့ရဲ့  ​ဘော့စ်​ကို ​ပြောလိုက်
အ​သေး​လေး မပြီးမချင်းနှူတ်​မယ်​လို့ သူခိုင်းတဲ့အတိုင်း """

ဘယ်​လိုမှ ​ပြောမရတဲ့ အဆုံး ​ဂျော်​နီနဲ့ ​ဂျော်​ကာ လက်​​လျှော့လိုက်​ပြီး  ​ဘော့စ်​ကို ​ပြောဖို့ အိမ်​ထဲဝင်​လာ​လေသည်​။

ကြားလိုက်​ရတဲ့ စကား​ကြောင့်​ တိုက်​  ​ဒေါသထွက်​သွား​လေသည်​။
""""ဘာ ...အထဲမဝင်​ဘူး ဟုတ်လား """
"" ​တွေ့ကြ​သေးတာ​ပေါ့  ​ရောင်​ခြယ်​လင်း """

ဂျော်​နီနဲ့ ​ဂျော်​ကာရဲ့  စကားကို ​တိုက်​ ကြားပြီးတာနဲ့ ​ဒေါသထွက်​သွားကာ ​ရောင်​ဆီ အ​ပြေးသွား​လေသည်​။

""​ရောင်​ခြယ်​လင်း  အခုချက်​ချင်းအိမ်​ထဲဝင်​မယ်​ """

""ငါ မဝင်​နိုင်​ဘူး နင်​ ခိုင်းထားတဲ့ဟာ​တွေမပြီး​သေးဘူး """

ပေကပ်​ပြီး မြက်​​တွေ ဇွတ်​နှူတ်​​နေတဲ့  ​ရောင်​ ​ကြောင့်
တိုက်​ အ​တော်​စိတ်​တိုသွား​လေသည်​။
"""ငါ​ပြောတာ မင်းမကြားဘူးလား ""
""အထဲဝင်​ မယ်​လို့  အခုချက်​ချင်းနှူတ်​​နေတာ​တွေရပ်​ ""

သူ့​ပြောတာ​တောင်​  ထပ်​နှူတ်​​နေတဲ့ ​ရောင်​​ကြောင့်​ တိုက်​ စိတ်​မရှည်​ဖြစ်​လာကာ သူမ ကိုယ်​​လေးကို အတင်း​ပွေ့ချီလိုက်​​လေသည်​။

အမုန်းနဲ့ အားပြိုင်မယ့် ချစ်ခြင်းတရား ( တိမ်စိုင်တိုက် + ရောင်ခြယ်လင်း) Where stories live. Discover now