Part - 9 ( Zg + Uni)

2.6K 92 1
                                    

*အမုန်းနဲ့ အားပြိုင်မယ့် ချစ်ခြင်းတရား*😍😍😍အပိုင်း-(9)

အခုဆိုရင် သူမ လက်ထဲမှာ ပုဝါနှစ်ထည်ရသွားလို့ ရောင်ခြယ်လင်း
အရမ်းပျော်နေလေသည်။
မပျော်နိုင်သူကတော့ တိမ်စိုင်တိုက်ပင် ဖြစ်သည်။
ရောင်ခြယ်လင်း ရှူံးဖို့အရေး တိမ်စိုင်တိုက် အစွမ်းကုန် အကြံထုတ်ပြီး စဉ်းစားနေလေသည်။

နောက်ဆုံးလက်ကျန် ပုဝါတစ်ထည်ကို ရေတံခွန် ထိပ်မှာ ကြိုးနဲ့ချည်ပြီး တိုင်မှာ တလွှင့်လွှင့်ကျနေသည်ကို ရောင်ခြယ်လင်း
မြင်သွားပြီး အရမ်းပျော်သွားလေသည်။
အခုပုဝါကို သူမ ရမည်ဆိုလျှင် သူမ လိုချင်တဲ့ အရုပ်ကြီးကို
ရမယ့်အပြင် တိမ်စိုင်တိုက်ကိုပါ အနိုင်ရမည်ဖြစ်သည်။

တိမ်စိုင်တိုက်ကို သူမ ခိုင်းမယ့်ဟာကို စဉ်းစားပြီး ပျော်နေတုန်းရှိသေးတယ်။ ဘယ်အချိန်ကတည်းက ရေတံခွန်ပေါ်
တက်သွားလိုက်မှန်း မသိတဲ့ တိုက်ကြောင့် ရောင်ခြယ်လင်း ပျာခတ်သွားလေသည်။
သူမပါ ရေတံခွန်ပေါ် အမြန်တက်ပြီး တိုက်ဆီ ပုဝါ ပါမသွားဖို့အရေး အမြန်ပြေးလာလေသည်။
သူမ ရောက်သွားတော့ ပုဝါက တိုက်လက်ထဲကို ရောက်သွာပြီးလေ။

"တိမ်စိုင်တိုက် ငါ့ကို အခုချက်ချင်း နင့်လက်ထဲက ပုဝါပေး "

"ငါအရင်ရတာလေ နင်လိုချင်ရင် အစကတည်းက လာယူပေါ့
ဖက်တီးမရဲ့ မဟုတ်ဘူးလား "

"တိမ်စိုင်တိုက် နင်မယုတ်မာနဲ့နော် အခုချက်ချင်း ငါ့ကိုပုဝါပေး
နင်ယောက်ျားဖြစ်ပြီး ကိုယ့်ကတိကိုယ်တည်နော် "

"အဲ့ဒါတွေ ငါမသိဘူး ငါ့အတွက်တော့ လက်ထဲမှာ ပုဝါရှိတဲ့သူက
အနိုင်ပဲ "

"နင်.... နင်.... နင်.. ကျက်သတုံးကောင်
ကောင်းပြီလေ "
ပြောပြီး ရောင် တိုက်လက်ထဲက ပုဝါကို အတင်းလိုက်လုလေသည်။

ရောင် အကြံကို တိုက်ကလည်း ကြိုတင်သိနေတဲ့အတွက် အလုမခံ။ ရေတံခွန်ထိပ်ဖျားမှာ သူတို့နှစ်ယောက် ပုဝါတစ်ထည်ကို
တိုက်က ပုဝါကို အသားကုန် အမြင့်ကို မြှောက်ထားပြီး
ရောင်ကလည်း မမှီ မှီတဲ့ကြားကနေ တိုက်ဆီက ပုဝါကို အတင်းလိုက်လုလေသည်။

အမုန်းနဲ့ အားပြိုင်မယ့် ချစ်ခြင်းတရား ( တိမ်စိုင်တိုက် + ရောင်ခြယ်လင်း) Where stories live. Discover now