1.1

2.4K 178 21
                                    

April 10 2023

Yayyyyy!!!! Guysss guess what! I finally got the permission from http_oldsoul nim.😭💖 so I decided to republish the whole Fic. 💕💕💕




Note :

ဒီFicရဲ့မူရင်းစာရေးသူက http_oldsoulပါ။ ကျွန်တော် angst Ficတွေအရမ်းဖတ်ချင်နေတဲ့အချိန်မှာ ဒီတစ်ပုဒ်ကိုရှာတွေ့လိုက်ရတာ ထီပေါက်သလိုကို ပျော်ခဲ့ပါတယ်။ အပိုင်း၂မှာထဲက ongoingလိုက်ခဲ့ပြီး အရမ်းကြိုက်လွန်းလို့ Ficကို သုံးခါလောက်ပြန်ဖတ်ရာက ဘာသာပြန်ချင်စိတ်ပေါ်ခဲ့တာပါ။ Angstဆိုပေမယ့် အရမ်းရင်မနာရပါဘူး။ light angstပါ။

ကျွန်တော်ကိုယ်တိုင်က fanficဆို plotရိုးရိုးရှင်းရှင်းကိုမှ ခံစားချက်တွေအများကြီးထည့်တာသဘောကျတဲ့အတွက်ကြောင့် ဒီတစ်ပုဒ်က ကျွန်တော်ဖတ်ဖူးသမျှSunsun Ficထဲ အကြိုက်ဆုံးတွေထဲကတစ်ပုဒ် ဖြစ်လာပါတယ်။ အရမ်းသဘောကျတာတွေဆို တအားမျှဝေချင်တဲ့အမူအကျင့်အတိုင်း ဘာသာပြန်ကိုပြန်မှဖြစ်မယ်ဆိုပြီး ထပြန်လိုက်တာပါ။ အင်္ဂလိပ်ဘာသာကနေ မြန်မာဘာသာကို ဆီလျော်အောင်ပြန်ရေးရတဲ့အတွက်ကြောင့် ဤသည်မရွေး ထပ်တူညီနေနိုင်မှာတော့မဟုတ်ပါဘူး။ ဒါလေးတော့ နားလည်ပေးစေချင်ပါတယ်နော်။

ဒီမှာlinkချမရလို့ မူရင်းFic linkလိုချင်ရင် direct messageကနေ လာတောင်းလို့ရပါတယ်။

ကျေးဇူးတင်ပါတယ်။




























🥀 I love you first 🥀




ဆောနူက နည်းနည်းအကဲပိုတယ်နော်...

ဒါသူကြားနေကြစကားမျိုးပါ။ ဒီလိုပြောနေတဲ့လူတွေက မှန်နေတာဖြစ်နိုင်တာပဲလေ။  ဘာလို့ဆို သူက ဂရုပြုမိဖို့သေးငယ်လွန်းတဲ့အရာလေးတွေ၊ အရေးပေးဖို့အတွက် မလုံလောက်တဲ့ခံစားချက်တွေအပေါ် အများကြီးအလေးထားတတ်တဲ့သူမို့ပါ။

ဒါပေမယ့် ဟိုးအရင်ထဲက သူကဒီလိုလူမျိုးပဲလေ။ အရာသေးသေးလေးတွေ၊ အဖြစ်အပျက်သေးသေးလေးတွေကို နှလုံးသားထဲမှာ နေရာပေးလွန်းတဲ့သူ။

လေပြည်လေညင်းလေး ဝေ့ဝဲသွားတဲ့ တခဏဖြစ်စဉ်လေး..
နှလုံးသားလေး မဆိုစလောက် အခုန်မြန်သွားတာ...
အစာအိမ်ထဲမှာ လိပ်ပြာလေးတွေ အတောင်ပံခပ်လိုက်တာ
လက်ခနဲ ထတောက်လာတဲ့ မီးပန်းမီးပွါးလေးတွေကို မြင်လိုက်ရတာ..

I love you first [PSH x KSN] Where stories live. Discover now