6.2

1.1K 149 37
                                    

"ကျွန်တော် ကိုယ့်ဘာသာ မြိုသိပ်မနေနိုင်တော့ဘူးဗျာ"

အိမ်ထဲကိုဝင်လိုက်ချင်းမှာပဲ ဆောနူနဲ့နီကီ အလေးအနက်စကားပြောနေကြတာတွေ့လိုက်ရတော့ ဆောင်းဟွန်းရော၊ ဂျေးပါ ကြောင်အသွားတယ်။ နှစ်ယောက်လုံးက ဝင်ပေါက်ကိုကျောပေးထားတာဆိုတော့ ဆောင်းဟွန်းတို့ဝင်လာတာ သတိထားမိပုံမရဘူး။ နီကီ ဒီညအိမ်လာလည်မယ့်အကြောင်း ပြောလိုက်တော့ ဆောင်းဟွန်းက အသစ်စက်စက်barကို မေ့သွားပုံပဲ။ ဂျေးတို့အိမ်ပဲလိုက်လာတော့မယ်ဆုံးဖြတ်ခဲ့တယ်။ ဒါပေမယ့် ဒီလိုအခြေအနေမျိုးကို မျက်မြင်တွေ့ရမယ်လို့တော့ မမျှော်လင့်ခဲ့ပါဘူး။

"ဟျောင်းက တအားလှတယ်"

နီကီပြောတာ ကြားလိုက်ရတော့ ဆောင်းဟွန်းရင်ဘတ်တစ်ခုလုံး တင်းကြပ်သွားတယ်။ဆောနူရဲ့ အပြုံးသေးသေးလေးကိုမြင်လိုက်ရတဲ့အခါ လုံးဝခါးသက်နေတဲ့အရသာကို ခံစားလိုက်ရပြီး ရင်ထဲရုတ်တရပ်စူးအောင့်သွားတယ်။ အားရပါးရမပြုံးမိသွားအောင် ထိန်းချုပ်ထားပုံရတဲ့ အဲဒီအပြုံးလေး....၊ ပန်းရောင်သန်းနေတဲ့ ပါးနုနုလေးတွေ၊ အနူးညံ့ဆုံး မိုချီလေးလို အိတုံတုံပါးပြင်လေးတွေ...

ဂျေးက သူ့ဘက်ကို တဖြည်းဖြည်းလှည့်ကြည့်လာတယ်။

"အဟမ်း အချိန်မှားလာမိပြီထင်တယ်။ ဟျောင့် သွားရအောင်။ သူများprivacyကို မစွက်ဖက်သင့်ဘူး"

ဂျေး တိုးတိုးလေးပြောလိုက်တာ သူကြားပါတယ်။ ဂျေးက ဆောနူတို့တွေ သတိပြုမိသွားပြီး၊ သူတို့ရှိနေတာသိသွားပြီး၊ ခိုးနားထောင်နေတယ်ထင်သွားမှာ စိုးရိမ်နေတဲ့ပုံ။ အင်းနော်... ဒီလိုသာတွေ့သွားရင် နေရခက်မှာပဲ။ ဒါပေမယ့်လည်းလေ... ဆောင်းဟွန်းက ခြေတစ်လှမ်းရွေ့ဖို့တောင် အနိုင်နိုင်ဖြစ်နေတဲ့ အခြေအနေနဲ့ရယ်ပါ။

"ကျွန်တော် ဟျောင်းကို ပထမဆုံးစမြင်ခဲ့ရတဲ့အချိန်မှာပဲ သိလိုက်ရတာ... ကျွန်တော် ဟျောင်းပေါ် မေတ္တာရှိတယ်ဆိုပြီး"

ဒီတစ်ခါမှာတော့ ဂျေး ဆောင်းဟွန်းဆီက အာရုံစိုက်မှုရဖို့ တံတောင်နဲ့တွတ်လိုက်တယ်။ ဒါပေမယ့် ဆောင်းဟွန်းက ဘာမှမတုံ့ပြန်နိုင်ပါဘူး။ သူခံစားမိသမျှက ရင်ထဲကတင်းကြပ်လာတဲ့ ဆို့နင့်မှုတွေဖြစ်နေတော့တာ။ အသက်ရှုကြပ်တယ်။ လေမရသလို.. ရေပဲနစ်နေသလို.. မွန်းတယ်။ နီကီကို ဒီအိမ်ထဲကနေ ဆွဲထုတ်သွားချင်တယ်။ မဟုတ်လည်း ဆောနူကို သူ့အခန်းထဲဆွဲခေါ်သွားပြီး တံခါးဘက်ဆွဲကပ်လို့ မလှုပ်နိုင်အောင်၊ ရုန်းမရအောင် ဖိချုပ်ထားပစ်လိုက်ချင်တယ်။ နောက်ဆုံးအတွေးက ဘယ်ကရောက်သလဲမသိပါဘူး။ ဒါပေမယ့် ဒီဟာကလွဲပြီး တခြားလည်း မတွေးတတ်တော့ဘူး...။

I love you first [PSH x KSN] Where stories live. Discover now