4.1

957 150 10
                                    

"ဟမ် ပြန်လာတာစောလှချည်လား"

ဂျေးတံခါးထဖွင့်ပေးလိုက်တော့ စူပုတ်ချိတ်နေတဲ့မျက်နှာလေးနဲ့ဆောနူရယ်၊ ရုပ်တည်ကြီးနဲ့ဆောင်းဟွန်းရယ်က အိမ်ထဲဝင်လာတယ်။ နှစ်ယောက်ကိုအတူမြင်လိုက်ရတာ ဂျေးလန့်တောင်သွားတယ်။ ဆောင်းဟွန်းက ဆောနူကို လိုက်ပို့ပေးတာသိပေမယ့် အတူပြန်လာမယ်လ်ို့တော့ မထင်ထားဘူးလေ။

"နာရီလဲကြည့်ဦး။ ၁၀နာရီကျော်နေပြီ။ ဒါကိုစောလှချည်လား လာလုပ်နေတယ်။ ဒီအချိန်ကြီး မင်းညီ တစ်ယောက်ထဲ လမ်းပေါ်ရောက်နေတာ မင်းကြိုက်မလား ကျစ်"

နဖူးမှာအရေးအကြောင်းတွေထင်တဲ့အထိ တွန့်ချိုးနေတဲ့ဆောင်းဟွန်းက ဆောနူကိုအိမ်ပေါက်ဝမှာထားခဲ့ပြီး ဂျေးကို ထေ့လုံးငေါ့လုံးတွေနဲ့ စကားဆိုလာတယ်။

"ဟင် အေးဆေးပေါ့ ဟေ့ကောင်ရ။ သူ ခါတိုင်း ဂျောင်ဝန်းအိမ်သွားလည်ရင် ပြန်လာတာ ဒီထက်တောင်နောက်ကျသေးတယ်။ မင်း ရန်လိုနေစရာမဟုတ်ပါဘူး"
ဂျေးက လက်နှစ်ဖက်မြှောက်ပြီး ခပ်အေးအေးပြောတော့ ဆောင်းဟွန်းနဖူးပေါ်က အရေးအကြောင်းတွေပိုထင်းလာတယ်။ ဂျေးပြောတာ ကန့်ကွက်မယ်လုပ်တုန်းမှာပဲ ဆောနူက သည်းမခံနိုင်တော့တဲ့ပုံနဲ့ နှစ်ယောက်ကြား ဖြတ်ဝင်လာတယ်။

"တော်ကြပါတော့ ကျွန်တော်အထဲဝင်တော့မယ်။ အိမ်ထိကိုယ်တိုင်ကိုယ်ကျ အကြိုအပို့လုပ်ပေးတဲ့အစ်ကို့ကို ကျေးဇူးတင်ပါတယ်။ နော်.. ။ ကျွန်တော့်dateမှာ လိုလဲမလိုဘဲ dateပြီးတဲ့အထိ စောင့်နေပေးတဲ့အတွက်လည်း ကျေးဇူး! တင်! ပါတယ်!"
ဆောနူက ဂျေးကိုတွန်းတိုက်ဝင်လာပြီး နှစ်ယောက်လုံးကို စိတ်ရှုပ်ဟန်နဲ့ကြည့်နေတယ်။

ဂျေးက ဆောနူအကြည့်ကို အကဲခတ်မိတော့ ဆောင်းဟွန်းကိုမေးရတယ်။ "ဘာဖြစ်တာလဲ။ တစ်ခုခုဖြစ်ခဲ့တာလား။ နေပါဦး မင်းက တကယ်ကြီး သူdateနေတုန်း တောက်လျှောက်ထိုင်ကြည့်နေတာလား"

လက်တွေက ဘောင်းဘီအိတ်ထဲထည့်လို့...ဆောင်းဟွန်းက အကြည့်လွှဲလိုက်မိတယ်။
"မင်းညီဘာဖြစ်လဲ ငါမသိဘူးလေ။ ငါ့ဘာသာညစာထိုင်စားနေတာ။ သူ့လဲကြည့်မနေပါဘူး။ ဖြစ်နိုင်တာက ဟီဆွန်းက ပျင်းဖို့ကောင်းလို့နေမှာပေါ့"

I love you first [PSH x KSN] Where stories live. Discover now