4.2

994 155 37
                                    

လေးရက်...
ဟီဆွန်းဟျောင်း သူ့ကို အဆက်အသွယ်မလုပ်တာ လေးရက်တောင်ရှိပြီ။

စာမလာ အကြောင်းလည်းမကြား...

သူတို့ ကျောင်းဆောင်နားမှာလည်း အရိပ်အခြည်တောင် မမြင်ရ..

ဂျောင်ဝန်းက သူ့ထက်တောင် ဟျောင်းကို ပိုပြီးစိတ်ဆိုးနေသေးတယ်။ ဟျောင်းက ဂျောင်ဝန်းပို့တဲ့messageတွေကိုပါ replyမပြန်လို့လေ။

ဟီဆွန်းဟျောင်းကို ၅ရက်လောက်မျှော်နေပြီးနောက်မှာတော့ ဆောနူလက်လျှော့လိုက်တယ်။ သူတကယ်မချစ်တာကြောင့် အဆင်ပြေတဲ့အကြောင်းပြောပြီး ဂျောင်ဝန်းကိုစိတ်လျှော့ခိုင်းထားရတယ်။ အမှန်တိုင်းဝန်ခံရရင် ဆောနူ နာကျင်မိတာပါပဲ။ ဟျောင်းကိုချစ်မိသွားလို့မဟုတ်ပေမယ့်.... အစ်ကို... အစ်ကိုပြောတာမှန်နေခဲ့တာပဲ...

ဒီနေ့ သူအိမ်ကို တစ်ယောက်ထဲ စိတ်တွေပျံ့လွင့်လို့... လမ်းလျှောက်ပြန်ခဲ့တယ်။ ဒါပေမယ့် ကံတရားက သူ့ဘက်မှာမရှိပြန်ဘူးထင်တယ်။ အသံတစ်ခုကိုကြားလိုက်ရတော့ သူရပ်တန့်မိသွားတာပါပဲ။

"ဘာလို့ တစ်ယောက်ထဲ ပြန်နေတာလဲ။ အာ... အဲလိုမေးရမှာမဟုတ်ဘူး။ ဘာလို့ ဒီရက်တွေထဲ တစ်ယောက်ထဲဖြစ်နေရတာလဲ ဆောနူ"

ဆောနူ သက်ပြင်းကျယ်ကျယ်ချလိုက်မိတယ်။ သူဘယ်လောက်တောင် အစ်ကို့ကို လျစ်လျုရှုဖို့ကြိုးစားနေရသလဲ ဘုရားသခင်ပဲသိလိမ့်မယ်။ ဟျောင်းကိုမတွေ့ရတဲ့အချိန်တွေမှာတောင် အစ်ကိုသာ ဒီကိစ္စကို သိသွားရင်ဆိုပြီး တွေးနေခဲ့တာ။ အစ်ကိုက သူ့ကိုလှောင်တော့မယ်ပဲထင်နေတာ။ "ကိုယ်ပြောသားပဲ။ လိုချင်တဲ့မိန်းကလေး ခေါင်းခေါက်ရွေးလို့ရနိုင်နေတဲ့လူမျိုးက မင်းလိုငချွတ်လေးအတွက် အချိန်ကုန်ခံနေပါ့မလား"
ဆောနူက အစ်ကိုကို သူ့ကိုဒီလိုပြောလာမှာပဲဆိုပြီး ခပ်ထေ့ထေ့လေသံတွေကို ကြားယောင်နေခဲ့မိတာ။

ဒါကြောင့် ဆောနူ အစ်ကို့ကို အစ်ကိုလိုချင်တဲ့တုံ့ပြန်မှုမပေးဖို့ ဆုံးဖြတ်လိုက်တယ်။

"အာ... ကိုယ့်ကို တကယ်ကိုလျစ်လျုရှုနေတာပဲ။ ဆောနူရယ် အရင်တစ်ခေါက်က မင်းdateကိုအနှောင့်အယှက်ပေးဖို့ တကယ်မရည်ရွယ်ခဲ့ဘူး။ ပြီးတော့ အဲနေ့က ကိုယ်ပြောခဲ့တဲ့စကားတွေက မင်းထင်သလိုမဟုတ်ရပါဘူး"

I love you first [PSH x KSN] Where stories live. Discover now