2.2

941 161 15
                                    

"ထူးဆန်းလိုက်တာ"

"ဟမ်"

ဆောနူက ဂျောင်ဝန်းဘာကိုဆိုလိုမှန်း သေချာနားမလည်လို့ ခေါင်းမော့ကြည့်လိုက်မိတယ်။

ဂျောင်ဝန်းက သူ့ကို မျက်လုံးတွေမှေးကျဉ်းပြီး စူးစမ်းသလိုကြည့်နေတယ်။
"မင်းအတန်းကို မိနစ်နှစ်ဆယ်ကြီးတောင် စောရောက်လာတယ်"

"အဲဒါဘာဖြစ်လို့လဲ"
ဆောနူ လွယ်အိတ်ထဲကပစ္စည်းတွေကို ပြင်ဆင်နေရင်း ပြန်မေးလိုက်တယ်။

"ခါတိုင်း ဒီလိုအချိန်ဆို မင်း ဆောင်းဟွန်းဟျောင်းနားမှာပဲ ရှိနေသေးတာလေ"

နာမည်လေးကြားလိုက်ရုံတင်နဲ့.. ဆောနူနှလုံးသားလေး ကျဉ်ခနဲပါပဲ။ အသက်ရှုရတာ ကမောက်ကမဖြစ်လာလို့ တည်ငြိမ်အောင်လုပ်ဖို့အတွက် တံတွေးမြိုချနေရတယ်။ ဒီလိုပါပဲ။ အစ်ကိုက သူ့အပေါ်ဒီလိုလွှမ်းမိုးနိုင်စွမ်းရှိတဲ့သူ။ နာမည်လေးကြားလိုက်ရုံနဲ့တင် သူ့ရင်ခုန်သံတွေကို မြန်အောင်လုပ်နိုင်တဲ့သူ၊ နှေးအောင်လည်းစေခိုင်းနိုင်တဲ့သူ။ အမည်နာမတစ်ခုနဲ့တင် ဆောနူနှလုံးသားတစ်ခုလုံး ဗြောင်းဆန်သွားအောင် ခြယ်လှယ်နိုင်တဲ့သူ။

ဂျောင်ဝန်းက သူတိတ်ဆိတ်နေတာသတိထားမိတော့ ချက်ချင်းပဲ သူ့အနားကို တိုးကပ်လာတယ်။ မျက်လုံးတွေက သူ့မျက်နှာအရိပ်အကဲကို စေ့စေ့အကဲခတ်လို့ စိုးရိမ်ပူပန်နေတဲ့ဟန်။
"မနေ့က တစ်ခုခုများဖြစ်ခဲ့လို့လား။ မင်း သူ့ကိုစောင့်နေတုန်းကလေ.. ဆောင်းဟွန်းဟျောင်းစိတ်ဆိုးသွားတာလား"

ဆောနူခေါင်းခါလိုက်မိတယ်။
"မဟုတ်တာ.. အဆင်ပြေပါတယ်"

"မင်း ပြေမနေပါဘူး"

သူ သက်ပြင်းချလိုက်မိတယ်။ ဂျောင်ဝန်းက သူ့ကိုကောင်းကောင်းနားလည်နေတာပဲ။

"ငါဘာလုပ်လုပ်၊ ဘယ်လိုပဲကြိုးစားကြိုးစား အစ်ကိုကငါ့ကို ဘယ်တော့မှပြန်သဘောကျမှာမဟုတ်ဘူးဆိုတာ ငါသဘောပေါက်သွားလို့ပါ"

ဆောနူ ခပ်သာသာရယ်လိုက်မိတယ်။ ဂျောင်ဝန်းကတော့ နည်းနည်းလေးမှတောင် ပြုံးမနေခဲ့ပါဘူး။ အဲဒီအစား ဆောနူကို ကြည့်နေခဲ့တာ... သနားနေတဲ့မျက်ဝန်းတွေနဲ့...



I love you first [PSH x KSN] Where stories live. Discover now