3.0

991 157 25
                                    

"ဘယ်သွားမလ်ို့လဲ"

ဆောင်းဟွန်းက သူ့ကို နက်နက်ရှိုင်းရှိုင်းစူးစိုက်ကြည့်နေတာတွေ့လိုက်ရတော့ ဆောနူမျက်နှာလေး ရှက်သွေးဖြာသွားတယ်။ ဆောနူ ချက်ချင်းပဲ တခြားတစ်နေရာ အကြည့်လွှဲလိုက်ရတယ်။ အစ်ကိုက သူတို့အိမ်ရောက်နေပြန်ပြီ။ သက်ပြင်းချမိလုမတတ်ပါပဲ။ ဒီမကောင်းတဲ့အစ်ကိုကြီးကို မကြိုက်တော့ဖို့ကြိုးစားနေနေရတာ တကယ်ခံရခက်ရတယ်။

ဆောနူနေရာကနေဝင်တွေးကြည့်ပေးပါဦး။ ဆောနူကို အားတိုင်းငြင်း၊ တွေ့တိုင်းငြင်း၊ ဖွင့်ပြောတိုင်းငြင်း တငြင်းထဲငြင်းနေတဲ့ အစ်ကိုငြင်းကြီးက ဆောနူကိုကိုရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်နေတာနဲ့ နေ့တိုင်းအဲမျက်နှာကြီးကို မြင်နေရတာ။

ဒါ့အပြင် ဆောနူကိုလဲ အနာပေးလိုက် ဆေးပေးလိုက်၊ ရက်ရက်စက်စက်တွေပြောလိုက်၊ ပြန်ပြီးဂရုစိုက်ပြလိုက်နဲ့... ဆောနူဖြင့် ဒီအီးတုံးကြီးကို နားတောင်မလည်နိုင်ဘူး။ ပြန်မကြိုက်နိုင်ရင်လဲ move onခွင့်လေးတော့ ပေးလေ နော..။ အခုကျ ပြန်တော့မကြိုက်နိုင်ဘူး၊ ဒါပေမယ့် ငါမင်းနားမှာအမြဲရှိနေမှာ ဆိုသလိုဖြစ်နေတာ။ ဆောနူက ဘယ်လိုလုပ် ဒီအချစ်ကို စွန့်လွှတ်နိုင်တော့မလဲ။

"ရားးး ဆောနူ!!!"
ကိုကိုက ဆောနူကို အော်လိုက်တယ်။

ဆောနူ ကိုကို့ကိုဖျတ်ခနဲကြည့်လိုက်တယ်။ စိတ်ညစ်လိုက်တာ...
ကိုကိုက အစ်ကို့ဘေးမှာတချိန်လုံးငုတ်တုတ်ထိုင်နေတာတောင် ဆောနူက ကိုကို့ကို မြင်ကိုမမြင်မိဘူး။

"ဟမ်"

"ဒီလိုတွေဝတ်စားပြီး ဘယ်သွားမလို့လဲ မင်းကိုမေးနေတာဟ!!!"

အစ်ကိုက ဆောနူကို စိုက်ကြည့်နေတုန်းပဲဆိုတာ ခံစားမိတော့ ဆောနူရှက်လာတယ်။

ရုတ်တရပ်.. ဝတ်ထားတဲ့chokerကို ဆွဲဖြုတ်ချင်လာတယ်။ သူဒီညတကယ်ကို လှလှလေးဝတ်ထားတာ။ ရည်းစားရှာမယ် အကြံနဲ့။ ဂျောင်ဝန်းစီစဉ်ပေးတဲ့blind dateတစ်ခုကို သဘောတူခဲ့တယ်။ ဆိုတော့.. ဒီညက သူ့ရဲ့first dateလေ....

"ဂျောင်ဝန်းဆီ"
ကိုကို့ကို သင့်လျော်သလို လိမ်ပြောလိုက်တာ မဟုတ်ပါဘူး။ အမှန်အတိုင်းပြောတာ။ သူက အရင်ဆုံး ဂျောင်ဝန်းနဲ့တွေ့ရမယ်။ ဒီညချိန်းထားတဲ့လူရောက်လာမှ ဂျောင်ဝန်းက သူ့အိမ်သူပြန်မှာ။ အဲတော့... ယေဘုယျကျကျပြောရရင် သူကဂျောင်ဝန်းနဲ့တွေ့မလို့ပဲ။

I love you first [PSH x KSN] Where stories live. Discover now