5.0

1K 151 13
                                    

<PSH's pov>

ကိစ္စတွေဖြစ်ပြီးခဲ့တာ နှစ်ပတ်တောင်ရှိပြီ။ သူ့ကို ကတိပေးခဲ့သလိုပဲ၊ ဆောနူက ကားပါကင်ထဲမှာ သူတို့စကားများခဲ့တဲ့အကြောင်းတွေ ဂျေးကို ပြန်မပြောပြဘူးထင်တယ်။ ဂျေးက တခါတလေ သူနဲ့ဆောနူ အခြေအနေဘယ်လိုလဲ မေးတတ်ပေမယ့် ဒီတိုင်း မေးပြီး ပြီးသွားတာပါပဲ။

"စိတ်ဆိုးနေတုန်းပဲ"

သူ ဂျေးကို ဒါပဲပြောဖြစ်ခဲ့တယ်။ ဒီထက်လဲ ပိုမရှင်းပြတတ်တော့ပါဘူး။ သူနဲ့ဂျေးက သူငယ်ချင်းတွေဖြစ်နေတုန်း။ သူက ဂျေးရဲ့အိမ်ကို သွားလည်နေတုန်း။ အခုတလော အလည်သွားရတဲ့ရည်ရွယ်ချက်ကတော့ ဂျေးနဲ့စကားပြောဖို့၊ ကစားဖို့၊ လည်ဖို့ပတ်ဖို့အစီအစဉ်ဆွဲတာတွေအပြင်.... အဓိကကတော့ ဆောနူအရိပ်လေးဖြစ်ဖြစ်ကြည့်ပြီး အဆင်ပြေရဲ့လား အကဲခတ်ချင်ရုံပါ။

"ဆောနူကို ခဏလောက်လွှတ်ထားလိုက်ပါ"

ဆောနူက သူ့ကိုတွေ့တဲ့အခါတိုင်း မမြင်ချင်ယောင်ဆောင်သွားတဲ့အခါ... ဂျေးက ဆောနူကို အချိန်ပေးဖို့ပဲပြောလာတယ်။ အဲလိုပြောလာတဲ့အခါတိုင်း သူကတိတ်ဆိတ်နေခဲ့တာပဲ။ ဆောနူက သူ့ကိုမသိချင်ယောင်ဆောင်နေတယ်...သူ ဆောနူတို့အိမ်ရောက်နေတဲ့အခါတိုင်း အခန်းထဲမှာပဲနေနေတာ။ ဒါမှမဟုတ် မီးဖိုချောင်..
သူ မီးဖိုချောင်ထဲဝင်လာရင် ဆောနူက ဧည့်ခန်းဘက်ရောက်သွားတာမျိုး။ သူမရှိတဲ့နေရာမှာပဲ နေနေတော့တာ။

အရင်လိုဆောနူလေးကို ပြန်ရဖို့အတွက် ဆောင်းဟွန်း သူ့မှာပိုင်ဆိုင်သမျှ အရာအားလုံးနဲ့ အလဲအလှယ်လုပ်ရဲပါတယ်။ ဆောနူအပြုံးလေးတွေ... ဆောနူရဲ့ရယ်သံလေးတွေ... ရောက်တတ်ရာရာ ပို့ချင်တာပို့ထားတတ်တဲ့messageတွေ၊ ဆောနူ သူတို့နဲ့နေ့လည်စာအတူထိုင်စားနေကြအချိန်တွေ... တကယ်ပဲ သတိရမိတယ်။ ဂျေးနဲ့သူ့ရဲ့ စာလေ့လာချိန်တွေကို ဝင်ဝင်နှောင့်ယှက်တတ်တဲ့ ဆောနူကို လွမ်းတယ်။ အစ်ကို့ကိုချစ်တယ် ချစ်တယ်ပြောတာတွေ... အကုန်လုံးကို တွေးနေမိတော့တာ...။ သူက ဒီတိုင်း... ဆောနူကို လွမ်းရုံလေးပါ။ ဒါပေမယ့် သူဒီလိုမဖြစ်သင့်မှန်း သိပါတယ်။ ဆောနူကို ဆွဲခေါ်လာပြီး နံရံဘက်ဆွဲကပ်လို့ "ကိုယ်မင်းကိုသေလောက်အောင်သတိရနေတာ" ဆိုတာမျိုး ပြောလိုက်လို့မှမဖြစ်တာ...

I love you first [PSH x KSN] Where stories live. Discover now