(၄)

203 18 15
                                    

(UNICODE)

🌙🌸🌕

နေရာအနှံ့ရှာဖွေပြီးသလို၊ တွေ့သမျှလူကိုလည်း မေးကြည့်သည့်လရောင်ဟာ ခြံအနားရောက်ချိန်မှာတော့ တစ်ညလုံးအဆော့မက်နေသည့်ပုတုတို့ကိုလာခေါ်သည့်ဒေါ်လေးဖြစ်သူနဲ့ဆုံ၏။

"ဒွေးလေး... မုဒြာကို တွေ့မိလားဟင်... မုဒြာကို တွေ့မိသေးလား"

"ဟဲ့ ငါ့တူ... ဆရာလေးက ပြန်ရောက်တာကြာလှပါပကော... ဒွေးလေး ဒီကိုစရောက်ကတည်းက ဆရာလေးက အစောတလျင်ကြီး သုတ်သုတ်သုတ်သုတ်နဲ့ပြန်လျှောက်လာတာတွေ့တာပဲ... အခုဆို အိပ်တောင်ပျော်နေလောက်ရောမပေါ့"

သူမက ဤသို့ပြောပြလိုက်တာနဲ့ လရောင်ဟာ အဒေါ်ဖြစ်သူကို လှည့်တောင်မကြည့်ဖြစ်တော့ဘဲ အိမ်ဆီကိုသာ ခပ်သုတ်သုတ် အပြေးသွားမိလေ၏။

အမောတကောနဲ့ပြန်ရောက်လာသည့်လရောင်ကိုတွေ့တော့ ဒေါ်နှင်းနုက အကဲခတ်ကြည့်လိုက်ရင်း

"သား ဘာဖြစ်လာသတုံး၊ မောကြီးပန်းကြီးနဲ့"

"မုဒြာနဲ့လမ်းကွဲသွားလို့ လိုက်ရှာနေတာ... မုဒြာပြန်ရောက်ပြီဆို"

လရောင်က အကြောင်းအရာတစ်ခုကိုချန်ထားပြီး ပြောပြလိုက်တော့ ဒေါ်နှင်းနုက

"ပြန်ရောက်ပြီ၊ သူ့ခမျာ မီးမပါဘာမပါနဲ့ အမှောင်ထဲပြန်လာရတော့ အခက်တွေ့တယ်ထင်၊ ချော်လဲခဲ့လို့ နှုတ်ခမ်းတောင် ဘာနဲ့ဆောင့်မိတယ်မသိ၊ ပေါက်ပြီးသွေးတောင်စို့လို့ကွယ်... ခက်ပရော"

တကယ့်အကြောင်းအရင်းကို သိသည့်တရားခံလရောင်ကတော့ ဒေါ်နှင်းနုရဲ့ အကြည့်ကိုရှောင်လိုက်မိသည်။

ထို့စဥ် ဒေါ်နှင်းနုက ဗူးလေးတစ်ဗူးကိုကမ်းပေးလာတော့

"ဒါကဘာလဲ အမေ"

"ဆရာလေးရဲ့နှုတ်ခမ်းကို လိမ်းဖို့ဆေးလေးကွယ် ... အမေသွားရှာနေတာ အခုမှတွေ့တာ... တစ်လက်စတည်း သားပဲ ယူသွားပေးစမ်းချည်ကွယ်"

မုဒြာနဲ့တွေ့ရဖို့အခွင့်သာသွားတာကြောင့် လရောင်က ဆတ်ကနဲခေါင်းငြိမ့်ပြလိုက်မိပြီးတယ်ဆို မုဒြာရဲ့အခန်းတံခါးကို အသာသွားခေါက်လိုက်၏။

"လရောင်နမ်းမှ မွှေးသည့်ပန်း" ✔️Where stories live. Discover now