(၅)

161 16 2
                                    

UNICODE
🌙🌸🌕

နောက်နေ့မနက် အာရုံတက်စအချိန်မှာပဲ ရွာလယ်က မိုက်ကတော့ သူ့တာဝန်အတိုင်း အလုပ်လုပ်နေပြီဖြစ်တာကြောင့် မနက်ခင်းမေတ္တာပို့ဓမ္မတေး၏ ငြိမ့်ညောင်းလှသော မေတ္တာပို့သံသည် လောကတစ်ခွင်ကို ကျက်သရေအပေါင်း ဆောင်ကျဉ်းပေးနေလေ၏။

"သဗ္ဗေ သတ္တာ၊ သဗ္ဗေပါဏာ...
သဗ္ဗေ ဘုတာ၊ သဗ္ဗေ ပုဂ္ဂလာ...
သဗ္ဗေ အတ္တ ဘာဝပရိယာပန္နာ...
သဗ္ဗာ ဣတ္ထိယာ၊ သဗ္ဗေ ပုရိသာ...
သဗ္ဗေ အရိယာ၊ သဗ္ဗေ အနရိယာ...
သဗ္ဗေ ဒေဝါ၊ သဗ္ဗေ မနုဿာ...
သဗ္ဗေ ဝိနိပါတိကာ...
‌အဝေရာ ဟောန္တု...
အဗျာပဇ္ဇာ ဟောန္တု...
အနီဃာ ဟောန္တု...
သုခီ အတ္တာနံ၊ ပရိဟရန္တု...
ဒုက္ခာ မုစ္စန္တု...
ယထာလဒ္ဓ သမ္ပတ္တိတော၊ မာဝိ ဂစ္ဆန္တု...
ကမ္မ ဿကာ..." ဟူသော မနက်ခင်းမေတ္တာပို့ဓမ္မတေးသည် သာယာစွာထွက်ပေါ်နေသော်လည်း ရွာသူကြီးဦးမှိုင်းလုံး၏အိမ်ကတော့ ယမန်နေ့များကနှင့်မတူ တိတ်ဆိတ်လို့နေပေ၏။

ကြံချောင်းကတော့ နွားစာထည့်နေရင်း‌ ဓမ္မတေးကို ယောင်ဝါးဝါးနဲ့ လိုက်ရောချဆိုနေပေမယ့်လို့ အနားမှာ နွားနှာခေါင်းခြင်းများကို အစုတ်အကောင်း စစ်ဆေးနေသည့်လရောင်ကတော့ မန်ကျည်းပင်ခြေရင်းနားမှာ နှုတ်ဆိတ်လျက်သားပင်။

အိမ်ပေါ်တွင်လည်း ဒေါ်နှင်းနု၊ နှိုင်းနဲ့ မုဒြာတို့ရှိပေမယ့်လို့ သူတို့သုံးဦးကြားလေထုဟာလည်း တိတ်ဆိတ်ကာ အေးစက်လျက်ပင်။ မုဒြာက စာအုပ်တစ်အုပ်ကိုလှန်လှောဖတ်နေပေမယ့်လို့ သူ၏စိတ်က စာအုပ်ဆီမှာရှိမနေဘဲ တစ်စုံတစ်ရာဆီအတွေးပျံ့နေသယောင် ခပ်တွေတွေဖြစ်လို့နေပြီး တစ်ခါတစ်ခါ မျက်နှာထက်ကအပြုံး‌ကလေးဟာဖြင့် ရှက်စိတ်လွှမ်းနေသည့်နှယ်။

အိမ်နောက်ဖေးရှိ ဒေါ်နှင်းနုကတော့ မုဒြာကို တစ်ခါတစ်ခါလှမ်းကြည့်သလို ပြတင်းပေါက်ကိုကျော်ပြီး အပြင်ဘက်က သားဖြစ်သူကိုလည်း လှမ်းလှမ်းကြည့်နေ၏။ ‌သက်ပြင်းလည်းခဏခဏချနေသလို စိုးရိမ်ပူပန်စရာ‌ရှိနေသယောင် သူမ၏မျက်ဝန်းတို့သည်လည်း မတည်ငြိမ်ပေ။

ထိုစဉ် ခြံအရှေ့ဘက်ရှိ ဝါထိန်နေအောင်ပွင့်နေသည့် အထက်တစ်ရာပန်းပင်များအနီးတွင် လမ်းလျှောက်နေသည့်ဦးမှိုင်းလုံးကို ခြံရှေ့လမ်းကနေဖြတ်သွားသည့် ဖိုးချောတို့ မယ်ကော့ကော့တစ်စုက နှုတ်ဆက်လေ၏။

"လရောင်နမ်းမှ မွှေးသည့်ပန်း" ✔️Wo Geschichten leben. Entdecke jetzt