(ဇာတ်သိမ်းပိုင်း)

238 19 12
                                    


UNICODE

🌙🌸🌕
...

လရောင်နဲ့မုဒြာ ပြန်လာချိန်မှာတော့ နေဝင်လုလုတောင် ဖြစ်နေလေပြီ။

မုဒြာက အရှေ့ကလျှောက်လာပြီး လရောင်ကတော့ မုဒြာမဲပေါက်သည့်ပစ္စည်းတွေကို ပိုက်ထားရင်း အနောက်ကနေ‌လိုက်လာ၏။ နှစ်ဦးသားစကားမဆိုကြဘဲ၊ မုဒြာမှာ ပါးတွေနားတွေ ရဲတွတ်နေပြီး လရောင်ကတော့ အပြစ်လုပ်ထားလို့ အဆူခံထားရသူလို နှုတ်ဆိတ်နေကာ မုဒြာရဲ့ကျောပြင်လေးကိုသာ လှမ်းကြည့်လှမ်းကြည့်နဲ့ရယ်။

အိမ်ရှေ့ကိုရောက်လာတော့ ဒေါ်နှင်းနုက မုဒြာကို တအံ့တဩဖြင့်ကြည့်မိပြီး

"ဆရာလေး... တစ်ခုခုဖြစ်လာသလား၊ အယ့်တော့်... ဆရာလေးရဲ့ ဒဏ်ရာက ပိုဆိုးလာသလိုပါလား"

‌ဒီစကားကြောင့် ကောက်ရိတ်ပန်း အခတ်တွေကိုခေါင်းမှာပန်နေရင်း ဘေးကဖြတ်သွားသည့်နှိုင်းက နောက်ပြန်လှည့်လာပြီး မုဒြာရဲ့နှုတ်ခမ်းကို သေသေချာချာကြည့်လိုက်သလို လရောင်ကိုလည်း ပြူးကြည့်၏။ ကွပ်ပျစ်ပေါ်က ဦးမှိုင်းလုံးမှာလည်း လည်ပင်းဆန့်ကြည့်ပြီး ချောင်းတဟွတ်ဟွတ်။

ဒီချောင်းဟန့်သံကို လန့်မိသူကတော့ လရောင်ပါပင်။ အဖေဖြစ်သူကို လှမ်းကြည့်မိတော့ ဦးမှိုင်းလုံးကလည်း သူ့ကို စကားပြောနေသည့်မျက်ဝန်းတွေဖြင့် ပြန်ကြည့်လာလေတော့ လရောင်ရဲ့ကျောဟာ မတ်ကနဲပင်။

ဘာမှထွေထွေထူးထူးတွေးမနေသည့်ဒေါ်နှင်းနုကတော့ မုဒြာရဲ့ပစ္စည်းတွေကို သယ်ပေးထားသည့် လရောင်ကို တစ်ချက်သာ ကြည့်လိုက်ပြီး အိမ်ပေါ်တက်သွားပြီဖြစ်သည့်မုဒြာကိုလည်း တစ်ချက်လှမ်းကြည့်လေ၏။ သူမကတော့ သူမ၏သားက သည်ဆရာလေးရဲ့အနားကိုပဲ ကပ်နေပြန်ပလားဆိုသည့် ကြောင့်ကြစိတ်‌နဲ့သာဖြစ်၏။

သို့ပေမယ့် သူမက မုဒြာအတွက် လိမ်းဆေး ယူသွားပေးဖို့ကိုတော့ စေတနာလေးရှိပါသေး၏။

ဒီတော့ လရောင်က ဒေါ်နှင်းနုကိုတားလိုက်ပြီး

"အမေ... ကျုပ်ပဲ ယူသွားပေးလိုက်မယ်လေ"

"လရောင်နမ်းမှ မွှေးသည့်ပန်း" ✔️Unde poveștirile trăiesc. Descoperă acum