စည်းချက်မညီသော ရင်ခုန်သံ Part 1

5K 91 2
                                    

စည်းချက်မညီသော ရင်ခုန်သံ

                             အခန်း (၁)

.

.

.

" မမဒြာ ဘဘကြီး က သူ့အတွက် ကော်ဖီယူလာပေးရင်းနဲ့ ဧည့်သည့်အတွက်ပါ ကော်ဖီတစ်ခွက်
ဖျော်ပြီး ယူလာခဲ့ပေးဖို့ ပြောလိုက်ပါတယ် "

" ဧည့်သည်တစ်ယောက်၊ဘယ်သူလဲ... ဇင်ဇင် "

" ဇင်ဇင် မသိဘူး မမဒြာ။အမျိုးသားတစ်ယောက်ပဲ။အသက်ကတော့ မမဒြာ ထက် တော်တော်ကြီးမယ် ထင်တယ် "

" မသိဘူးဆိုလည်း... မမဒြာ စျေးကနေ ဒီနေ့ ဝယ်လာတဲ့ ဟင်းစားတွေကို ကြီးကြီးနု ကို ကူပြီး
ချက်ပြုတ်ပေးလိုက်နော်။မမဒြာ က ဒီကော်ဖီကို
ဖေဖေ့နဲ့ ဧည့်သည်ကို ပေးပြီးရင် ကုမ္ပဏီကို သွားတော့မယ်။မာန်လေး ကို သူ့ ဦးဦး က ကျောင်းကို
လိုက်ပို့ပေးမှာ။နေ့လည်စာ ကို မမဒြာ သွားခေါ်ပြီး အိမ်မှာပဲ ကျွေးမှာမို့... မာန်လေးအတွက် ထမင်းဘူး ထုပ်စရာမလိုတော့ဘူး။မမဒြာ ဒီနေ့
အရေးကြီး အလုပ်ကိစ္စလည်းရှိလို့ အပြင်စောစောသွားမှာ။မာန်လေး ကျောင်းသွားတဲ့အခါ
သေချာ လုပ်ပေးလိုက်နော် "

" ဟုတ်ကဲ့ မမဒြာ "

ဒြာ အိမ်ကို မနက်စောစော လာတဲ့ အမျိုးသား
ဧည့်သည်က ဘယ်သူများပါလိမ့် လို့ တွေးရင်း...
ဧည့်သည်အတွက် ကော်ဖီတစ်ခွက် ကို ထပ်ဖျော်ဖို့ လုပ်လိုက်သည်။

ကော်ဖီဖျော်အပြီးမှာတော့ ကော်ဖီခွက်လေးတွေကို ဗန်းဝိုင်းလေးထဲကို သေချာ ထည့်ယူပြီး... အိမ်ရှေ့ကို ဒြာ ထွက်လာခဲ့လိုက်သည်။

.

.

အိုး... သူ သူက ဒီကို ဘယ်လိုရောက် " ခလွမ်း... "

အိမ်ရှေ့ကိုထွက်လာတဲ့ ဒြာမှာ ဖေဖေနှင့်အတူ စကားပြောနေသော အမျိုးသားကို မြင်လိုက်ရတဲ့ချိန်... ရင်ဘက်ထဲကနေ ဆို့နစ်လာတဲ့ ခံစားချက်ကြီးက အသက်ရှူမရတော့တဲ့အထိ မွန်းကျပ်လာ၏။ ခံပြင်းဒေါသများကြောင့် တဆတ်ဆတ် တုန်ယင်လာတဲ့ လက်များက လက်ထဲမှာ ကိုင်ထားတဲ့ ဗန်းကိုလွတ်ကျသွားစေခဲ့သည်။

စည်းချက်မညီသော ရင်ခုန်သံ Where stories live. Discover now