စည်းချက်မညီသော ရင်ခုန်သံ Part10

750 38 1
                                    

           စည်းချက်မညီသော ရင်ခုန်သံ

                             အခန်း (၁၀)
.

" ရား... နင် တကယ်နေနိုင်လိုက်တာ။ဖုန်းနံပတ်ပါပြောင်းပြီး ငါတို့သူငယ်ချင်းတွေကို အဆက်ဖြတ်ထားလိုက်တာများ နှစ်ကိုချီလို့... "

" ဆောရီး... နင်တို့ကို ပစ်ထားသလို ဖြစ်သွားတယ် "

" ဖြစ်သွားတာမဟုတ်ဘူး။ပစ်ကိုထားခဲ့တာ... ပြောပါဦး အခုမှ ရုတ်တရက်ကြီး ရောက်လာရတဲ့ အကြောင်းလေး.... "

" ငါ နင့်အကူအညီလိုလို့ပါ သူရ "

" ငါ့အကူအညီ ဟုတ်လား "

" ဟုတ်တယ် "

" ဘယ်လို အကူအညီမျိုးလိုတာလဲ ပြော... "

" ငါ့သားရဲ့အဖေ "

" ဘာ...! "

" ဟင်... "

ဒြာ့,စကားကြောင့် သူရရော၊အမေပါ အာမေဋိတ်သံတွေနှင့် မျက်လုံးအပြူးသားဖြစ်ကုန်တော့သည်။

" ဘယ်လို ဘယ်လို ပြောလိုက်တယ်... ငါ့က ကလေးအဖေလုပ်ပေးရမယ် ဟုတ်လား ဒြာ "

" အင်း ဟုတ်တယ် "

" သမီး ဒြာ... အန်တီ မေးပါရစေကွယ်။သားကိုဘာလို့ ကလေးအဖေလုပ်ခိုင်းရတာလဲ။ပြီးတော့ သမီးဒြာမှာ ဘာပြဿနာတွေရှိနေလို့လဲ... အန်တီတို့ကို
အကြောင်းအရင်းလေး ပြောပြပေးပါလား။သမီးဒြာပြောပြမှလည်း အန်တီတို့က ဘယ်လိုကူညီပေးရမလဲဆိုတာ စဥ်းစားပေးတတ်မှာလေ "

သမီးဒြာကိုချစ်ပေမဲ့လ​ည်း လက်မထပ်ရသေးတဲ့
ကိုယ့်သားလူပျိုလေးကို ကလေးအဖေလုပ်ပေးဖို့...
အကူအညီတောင်းနေတာမို့... စိတ်မအေးဖြစ်နေမိတာပင်။အဲ့ဒါကြောင့်ပဲ သမီးဒြာကို သားကိုကလေးအဖေဘာကြောင့် လုပ်ခိုင်းရတာလဲလို့ မေးရတာပဲဖြစ်သည်။

" ဦးအဂ္ဂမာန် မြန်မာပြည်ကို ပြန်ရောက်လာတယ် "

" ဘာ... အဲ့လူက ဘာလုပ်ဖို့ ပြန်လာတာလဲ "

" ငါ ပြောပြမှာမို့လို့... နင်က ငြိမ်ငြိမ်လေး နားထောင်ပေး သူရ "

နဂိုကတည်းက ဦးအဂ္ဂမာန်နှင့် ဒြာ့သူငယ်ချင်းတွေက မျက်နှာကြောတည့်ကြတာ မဟုတ်။အခုလည်း
မတွေ့ဖြစ်ကြတာ နှစ်တွေကြာနေတာတောင်မှ ဦးအဂ္ဂမာန်လို့ပြောလိုက်တာနဲ့ သူရ,က ရှူးရှူးရှဲရှဲ
ထဖြစ်တော့သည်။

စည်းချက်မညီသော ရင်ခုန်သံ Where stories live. Discover now