စည်းချက်မညီသော ရင်ခုန်သံ Part8

856 35 1
                                    

စည်းချက်မညီသော ရင်ခုန်သံ

                             အခန်း (၈)
.

" Boss သူ့အတွင်းရေးမှူးနဲ့ အားချင်း ရန်ကုန်ကိုဆင်းသွားပါတယ် မိန်းကလေး "

" ဘာ...! ရန် ရန်ကုန် ကို ဟုတ်လား... "

" ဟုတ်ပါတယ် မိန်းကလေး "

ဒြာ,မှာ သူ့အိမ်ရဲ့ ခြံစောင့်ဦးလေးကြီး၏ စကားကြောင့် ခေါင်းထဲ သွေးများစောင့်တက်လာသလား
ထင်ရတဲ့ အထိ ဒေါသထွက်လာ၏။

" အဲ့လူနဲ့အတူ ကလေးတစ်ယောက်ရောပါသွားတယ်မလား ဦးလေး "

" Bossရဲ့သား ကလေးငယ်ငယ်လေးကိုပြောတာထင်တယ်။အဲ့ကလေးလေးဆိုရင်တော့ ပါသွားပါတယ် "

" အဲ့လူရဲ့သား မဟုတ်ဘူး။ အဲ့ကလေးလေးက ဒြာမွေးထားတဲ့ ဒြာ့ရဲ့သားပါ။အခုလို ပြောပြပေးလို့
ကျေးဇူးတင်ပါတယ်။ခွင့်ပြုပါဦး "

" ဟုတ်ကဲ့ မိန်းကလေး "

ဒြာ,ကားကို လက်တစ်ဖက်တည်းနဲ့ သူ့အိမ်ရှေ့ကနေ မောင်းထွက်ရင်း လက်တစ်ဖက်က သူ့ဆီဖုန်းခေါ်လိုက်သည်။

..

" တူ.. တူ.. တူ.. "

" အဟင်း သားသားရေ... မင်းမေမေ လူဆိုးမလေးတော့ ဖေဖေ့ကိုဆူပူဖို့ ဖုန်းဆက်လာပြီကွ "

မာန်,ပေါင်ပေါ်မှာ ပွေ့ချီလျက်သားလေး အိပ်ပျော်နေတဲ့ သားမျက်နှာလေး ချစ်မဝစွာနဲ့ကြည့်ကာ
စကားဆိုပြီး... မြည်နေတဲ့ ဖုန်းကိုကိုင်လိုက်သည်။

" ဟယ်လို "

" ဦးအဂ္ဂမာန်! ရှင် သေချင်နေတာလား! ဟမ် "

ဖုန်းကိုင်လိုက်တာနဲ့ နားထဲစူးပြီးဝင်လာတဲ့ အမြင့်ဆုံးအသံနှုန်းနဲ့စကားသံကြောင့် မာန့်,နားပင်အူသွားရသည်။

တကယ်ပါပဲ ဒေါသကြီးချက်က နုနုထွတ်ထွတ် ရုပ်ကလေးနဲ့မှမလိုက်။

" မင်း စကားကိုကောင်းကောင်းပြောလို့မရဘူးလား။ဘာလို့ အော်ဟစ်ပြောနေတာလဲ။မင်းကြောင့်
ငါ့နားကန်းတော့မယ် လင်းသုဒြာ "

" စကားအကောင်းပြောရအောင် ရှင်က လူကောင်းမို့လား။သူများသားကို ခိုးပြေးသွားတဲ့ ကလေးသူခိုး သားကို ပြန်မပေးရင် ရှင့်ကို ကလေးခိုးမှုနဲ့ အမှုဖွင့်တိုင်မယ် "

စည်းချက်မညီသော ရင်ခုန်သံ जहाँ कहानियाँ रहती हैं। अभी खोजें