စည်းချက်မညီသော ရင်ခုန်သံ Part 2

1.4K 66 3
                                    

   စည်းချက်မညီသော ရင်ခုန်သံ

                             အခန်း (၂)

.

.

.

" အားလုံးလည်း ရှေ့ဆက်ပြီး လုပ်မယ့် အစီအစဥ်တွေ ကို သိကြပြိီလို့ ထင်ပါတယ်။အဲ့ဒါကြောင့်
မီတင်ကို ဒီလောက်နဲ့ပဲ ရပ်နားလိုက်ပါမယ် "

" ဟုတ်ကဲ့။ ဟုတ်ကဲ့ "

သူက မီတင်ပြီးပြီ ပြေောတာနဲ့ ဒြာသည် နေရာမှ
ခပ်မြန်မြန်ပင် ထ ထွက်လာခဲ့သည်။

" မလင်းသုဒြာ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စက တော်တော်လေး အရေးကြီးနေတဲ့ပုံပဲ။အလောတကြီးနဲ့ ထွက်သွားပုံ က... "

" ဟုတ်လောက်မယ်။ခါတိုင်းဆို မီတင်ပြီးရင်တောင် သိချင်တာ၊မေးချင်တာတွေ သေချာမေးပြီးမှ ပြန်တာ "

မီတင်ခန်းထဲက လူတွေက သူမ ပြန်သွားတာသည် မာန့်ကြောင့်ဆိုတာကို မသိဘဲ... သူတို့အထင်နှင့် တစ်ယောက်မျိုး ပြောနေကြသည်။

မာန်ကတော့ အဲ့လို မဟုတ်ဘဲနဲ့... ဖုန်းဖြင့် ဝန်ထမ်းတစ်ယောက်ကို ဒေါသထွက်ပြီး ပြန်သွားတဲ့...
သူမ ဘယ်ကို သွားတယ်ဆိုတာကို လိုက်ကြည့်ပြီး... ပြန်တင်ပြဖို့ ညွှန်းကြားစေခိုင်းလိုက်ရသည်။ပြီးတာနဲ့ အလုပ်တွေရှိသေးတာမို့... မီတင်ခန်းကနေ ကုမ္ပဏီရုံးခန်းကို သွားလိုက်သည်။

သူမနှင့် ကိုယ်က လင်မယားတွေဆိုတာကိုတော့...
စပ်စုရတာကို ဝါသနာထုံးကြတဲ့ လူသားတွေကတော့ မေးချင်နေကြတဲ့ ပုံစံမျိုးတွေကို မျက်စိနဲ့အထင်းသား တွေ့မြင်နေရ၏။

မာန်၏ ခပ်တင်းတင်း မျက်နှာထားနဲ့ မီတင်ခန်းကနေ ထထွက်လာတဲ့... မျက်နှာကြောကြောင့်
ထိုလူတွေ မေးလို့ မထွက်ရဲကြပေ။

မာန်သည် အသက်အရွယ်တစ်ခု ကို ရလာပြီဖြစ်သလို... သူမနှင့်ပြန်အဆင်ပြေတာနဲ့ မြန်မာပြည်မာ အခြေချတော့မည်မို့... ကလောနှင့်အောင်ပန်း
မှာ တိုးချဲ့ထားတဲ့ လုပ်ငန်းတွေက သုံးလေးခုပဲမို့
အလုပ်တွေက တော်တော်များသည်။

အရင်က ဒီမှာ တိုးချဲ့ထားတဲ့ အလုပ်တွေကို လူယုံလို့ပြောလို့ရတဲ့... ကိုယ့်အစား သူဌေးနေရာပေးထားတဲ့ မမျိုးသင်ဇာ က ဦးဆောင်ပြီး လုပ်ပေးနေတာပါ။အခုတော့ လုပ်ငန်းတွေ ကိုယ်တိုင် ပြန်ဦးစီးတော့မည်မို့... အလုပ်ကတော့ အတော့်ကို ရှူပ်နေရတာ။

စည်းချက်မညီသော ရင်ခုန်သံ Where stories live. Discover now