စည်းချက်မညီသော ရင်ခုန်သံ Part9

513 29 0
                                    

               စည်းချက်မညီသော ရင်ခုန်သံ

                             အခန်း (၉)
.

" ကောင်းပြီလေ... သားကိုလာခေါ်တာဆိုရင် မင်းခေါ်သွားလို့ရတယ်။ဒါပေမဲ့ ကလေးအဖေကိုတော့
သားကိုခေါ်မသွားခင် ငါ တွေ့ရမှဖြစ်မယ်။ငါ ပြောတာကို မင်းဘက်က လုပ်မပေးနိုင်ရင်တော့... သားကိုခေါ်သွားခွင့် ဘယ်တော့မှ ရမှာ မဟုတ်ဘူး "

တစ်ခါလာလည်း သားရဲ့အဖေ သားအဖေဆိုတဲ့
စကားနဲ့ အကြပ်ကိုင်နေတဲ့ သူ့ကို ဒြာ,တော်တော်ဒေါသထွက်မိသလို အမြင်လည်းကပ်လာသည်။

နောက်ပြီး သူအကြပ်ကိုင်တိုင်း ဒြာ,ကလည်း ကြောက်မယ့်သူ မဟုတ်ပါဘူး။

" ဦးအဂ္ဂမာန် က သားရဲ့အဖေကို အသည်းအသန် တွေ့ချင်နေမှတော့... ဒြာ က တွေ့ပေးရမှာပေါ့ "

" ဘာ..! "

" ဘာလို့ အရမ်းအံ့သြတုန်လှုပ်သွားတဲ့ ပုံစံဖြစ်နေရတာလဲ။ရှင်ပဲ သားရဲ့အဖေကို သိပ်တွေ့ချင်တာမလား။အဲ့ဒါကြောင့် ဒြာကတွေ့ပေးမယ်။ ရှင့်ဘက်က အဆင်သင့်ဖြစ်မယ့် အချိန်ကိုပြော "

သူမကအတည်ပေါက်နဲ့ ပြောနေတာမို့...
မာန်,ကိုယ်စုံစမ်းထားတာတွေပင် မှားများနေသလားလို့ အတွေးပင်ဝင်လာမိသည်။

ထိုအထွေးက မာန်, ခေါင်းထဲမှာ ကြာကြာမနေနိုင်ပါဘူး။ဘာလို့ဆိုတော့ သူမက ကိုယ့်ကိုအမြဲစိတ်ဒုက္ခပေးရမယ့် နေသာထိုင်သာရှိတဲ့ သူမျိုးဆိုတာကို သတိရမိတာကြောင့်ပင်။ပြီးတော့ ကိုယ်နဲ့ ရုပ်ချင်းချွတ်စွပ်တူနေတဲ့ သားက သူမဘက်ကလက်မခံလည်း ကိုယ့်ကလေးဆိုတာ သေချာသည်။

" ရှင့်ပုံစံကြည့်ရတာ သားအဖေကို ဒြာက ပြမပေးနိုင်ဘူးလို့ ထင်ထားတဲ့ ပုံပဲ။ဘယ်လိုလုပ်မလဲ... သားက ရှင့်သားမဟုတ်တာကို ဒြာကသက်သေပြပေးတော့မှာဆိုတော့... တုန်လှုပ်သွားတယ်မလား "

သူမကခနဲ့ပြုံးလေးနဲ့ပြောလာတော့...
မာန်, သဘောကျစွာနဲ့ ပြုံးမိ၏။

" တုန်လှုပ်သွားတာပေါ့... မင်း သားရဲ့အဖေကို ခေါ်လာပေးတော့မှာမို့လို့ တုန်လှုပ်သွားတာမျိုးတော့ မဟုတ်ဘူး။ငါ့ဆီကနေ သားကိုပြန်ခေါ်သွားရဖို့အတွက် လုပ်ဇာတ်ခင်းဖို့.... မင်း ခေါ်လာတော့မယ့်
ဘယ်ကမှန်းမသိတဲ့ ကလေကချေကောင်ကို အဖေတော်ရမယ့် သားအတွက် တုန်လှုပ်သွားတာ "

စည်းချက်မညီသော ရင်ခုန်သံ Where stories live. Discover now