စည်းချက်မညီသော ရင်ခုန်သံ Part11

750 39 5
                                    

         စည်းချက်မညီသော ရင်ခုန်သံ

                             အခန်း (၁၁)
.

" တွေ့ရာ ယောက်ျားကို သားရဲ့အဖေလို့ နာမည်တပ်နေတဲ့ မင်းလက်ထဲကို ငါ့သားကို ပြန်ထည့်ပေးမယ်များ ထင်နေတာလား။ငါ သားကို မင်းလက်ထဲ ဘယ်တော့မှ ပြန်ထည့်မပေးဘူး လင်းသုဒြာ "

" ဦးအဂ္ဂမာန်! "

" ကိုယ် နားထောင်နေတယ် ပြော "

ဒြာ, ဒေါသနဲ့ သူ့နာမည်ကို အော်ခေါ်တော့...
အပြုံးအရယ်မရှိတဲ့ မျက်နှာတည်နဲ့ သူက ပြောသည်။

" ရှင် ဘာလို့ ကလိမ်ကကျစ်ကျနေရတာလဲ "

" ပြောကြည့်ပါအုံး... ကိုယ့်ရဲ့ဘယ်နေရာက မင်းအပေါ်မှာ ကလိမ်ကကျစ်ကျနေလဲဆိုတာ... "

" မျက်နှာပြောင်တိုက်နေတာ တော်သင့်ပြီ။သားကို
ပြန်ခေါ်ချင်ရင်၊သားရဲ့အဖေ ကို ခေါ်လို့ ရှင်ပြောခဲ့တယ်။ရှင့်စကားအတိုင်း ဒြာ,သားအဖေကိုခေါ်လာပြပြီးပြီ။အခု သားကို ပြန်ပေး "

" အတုအယောင်တွေနဲ့ ဟန်ပြလုပ်ပြီး၊သားကို ကိုယ့်ဆီကနေ ပြန်ခေါ်လို့ရမယ်လို့ မင်း တွေးနေတဲ့ပုံပဲ။အဲ့လိုသာတွေးထားရင်တော့ မင်းအတွေးက အလုပ်မဖြစ်ဘူး လင်းသုဒြာ "

" ရှင့်ကို ဘယ်သူကပြောလဲ... သားအဖေက အတုအယောင်လို့ "

" အတုအယောင်မို့လို့ အတုအယောင်လို့ ပြောတာကို ဘယ်သူဘယ်ဝါကပြောပါတယ်ဆိုတဲ့ သက်သေက ပြပေးဖို့လိုသေးလို့လား "

" လိုတာပေါ့... သားကိုမပေးချင်လို့ ရှင် တမင်ညဏ်များနေလို့လေ "

" ကိုယ်က ညဏ်များတယ်ပေါ့။ကောင်းပြီး ကိုယ့်ဘက်က မင်းခေါ်လာတဲ့လူက သားရဲ့အဖေမဟုတ်တဲ့ အတုအယောငျဆိုတာကျို သက်သေပြပေးမယ်။သက်သေပြပြီးရင်တော့ မင်းရဲ့ အတုအယောင်ကောင်ကို ကိုယ့်အိမ်ထဲကနေ ချက်ချင်း ထွက်သွားခိုင်းရမယ် "

" ခင်ဗျား... "

" ဒီနေရာက မင်း ဒေါသထွက်ရမယ့် နေရာ မဟုတ်ဘူး ချာတိတ် "

သူရ,မှာ လူကြီးပုံစံဂိုက်ဖမ်းကာ Suit ကို သေသေချာချာ ဝတ်လာတာတောင်မှ ဟိုလူ့ဆီကနေ ချာတိတ်လို့အခေါ်ခံရပြီး၊ကလေးအဖေတုဆိုပြီး လူကိုအရာမသွင်းချင်တဲ့ လူကို စိတ်တိုသွားရသည်။

စည်းချက်မညီသော ရင်ခုန်သံ Where stories live. Discover now