စည်းချက်မညီသော ရင်ခုန်သံ Part 3

1.3K 61 2
                                    

စည်းချက်မညီသော ရင်ခုန်သံ

အခန်း (၃)

.

.

.

" လင်းသုဒြာ မင်း ဘယ်ကိုသွားတာလဲ။ငါ မင်းနဲ့စကားတွေ ပြောစရာရှိတယ် "

" ဟင့်အင်း... မရှိဘူး။ ဒြာနဲ့ ရှင့်ကြားမှာ ဘာမှမရှိဘူး။ဘာစကားမှလည်း ပြောစရာမရှိတော့ဘူး။
ဖေဖေ သူ့ကို အိမ်ပြင်နှင်ထုတ်ပြီး၊တံခါးတွေ အကုန်ပိတ်ထားလိုက်ပါ "

အိမ်ထဲဝင်လာတဲ့ ဒြာတို့သားမိနှင့် သူ့ကို ဘာဖြစ်လာမှန်းမသိလို့... ပြူးကြောင် ကြည့်နေတဲ့ ဖေဖေ့ကို... ဦးအဂ္ဂမာန်အားနှင်ထုတ်ခိုင်းလိုက်သည်။

ဒြာကတော့ လက်ထဲမှာ ချီထားတဲ့ သားလေးကို တင်းတင်းဖက်ပြီး... အိမ်ပေါ်ကို တက်လာခဲ့လိုက်သည်။

" ကျစ် လင်းသုဒြာ! "

ကိုယ့်စကားကို ဆို ဘယ်တော့မှ အလေးမထားတဲ့ သူမကြောင့် မာန့်, မှာ ဒေါသဖြစ်ရ၏။စိတ်ထဲရှိတဲ့အတိုင်းသာဆိုရင် သူမ တက်သွားတဲ့ အပေါ်ကို လိုက်တက်သွားတာ ကြာပေါ့။ရိုသေလေးစားပေးရမယ့် သူမအဖေ၊ကိုယ့်ယောက္ခထီးက ရှေ့တည့်တည့်မှာ ရှိနေတာမို့... စိတ်ကိုလျော့ထားရသည်။

ဦးမျိုးမြင့် သမီးနှင့်သမက်၏ အမူအရာတွေကို
ကြည့်ရပုံအရ... အပြင်မှာ ပြဿနာထပ်တက်လာတဲ့ ပုံစံပင်။

ဘာဖြစ်တာလဲဆိုတာ သိရဖို့ က... ရှေ့မှာ ရှိနေတဲ့ သမက်ဖြစ်သူ ကို မေးမှသိရမည်မို့...

" သားမာန် သမီးနဲ့ စကားထပ်များ လာတာလား။အပြင်မှာ ဘာဖြစ်တာလဲ ဆိုတာ... အန်ကယ် သိခွင့်ရမလား... "

လင်မယားကြားက ကိစ္စကို မိဘအနေနဲ့ ကြားဝင်တာ သိပ်မကောင်းမှန်း သိပေမယ့်... ကိုယ့်သမီးက သမက်ဖြစ်သူကို ဖီဖီခါ ဖြစ်နေတာမို့... ပြဿနာတွေ မကြီးစေချင်သလို... ပြဿနာအကြောင်းအရင်းကို သိရအောင် မေးနေရချင်ပေ။

မာန်, ယောက္ခထီး၏ အမေးကို ဖြေဖို့ရာ...
သက်ပြင်းတစ်ချက် ကို ခပ်ပြင်းပြင်း ချလိုက်မ်ိ၏။
ဧည့်ခန်းအလယ်က ထိုင်ခုံတစ်လုံးမှာ မာန်, ဝင်ထိုင်လိုက်သည်။ယောက္ခထိီးကလည်း မာန်, ထိုင်တဲ့ ရှေ့က ခုံမှာပဲ ဝင်ထိုင်သည်။

စည်းချက်မညီသော ရင်ခုန်သံ Where stories live. Discover now