A🌸 U

145 20 0
                                    

* ဘာလုပ်နေလဲ ကလေး *

* ထမင်းရော သေချာစားရဲ့လား *

* အိပ်ပျော်နေပြီလား *

* ဟေး စာပြန်လေကွာ *

ညရောက်တိုင်း နှုတ်ဆက်နေကျ သူ့မှာစာပို့မိတော့ စာမပြန်လာတဲ့အခါ စိတ်ပူရတယ်။

ဖုန်းခေါ်မိတော့ ပထမတစ်ခါမကိုင်..
ဒုတိယတစ်ခါလည်း မကိုင်..
နောက်ဆုံး တတိယတစ်ခါကျမှ

" ဟယ်လို " ဆိုတဲ့ အသဲဝဲဝဲလေးထွက်လာတော့တယ်

" မင်းလေး ဘယ်လိုဖြစ်တာလဲ "

" ကိုယ့်ကို စာလည်းမပြန် "

" ဖုန်းဆက်တော့လည်း အခုမှကိုင်တယ် "

" တော်သေးတာပေါ့ မကိုင်ဘဲမနေတာ "

စိတ်ပူလို့ လေသံမာသွားပြန်တော့ မလွန်ခင် အချိန်မီပြန်ထိန်းလိုက်ရတာလဲ Yoongiကိုယ်တိုင်ပါပဲ။

" ကျွန်တော် အိပ်ပျော်သွားတာ "

" တောင်းပန်ပါတယ် Yoongi "

" မင်းလေး တောင်းပန်စရာမလိုဘူး ကလေးငယ် "

" ဒါပေမဲ့ မင်းလေးအိပ်ချင်ပြီဆိုတာနဲ့ ကိုယ့်ကို ပြောပြသင့်တယ် "

" ကျွန်တော် မှတ်ထားပါ့မယ် Yoongi "

" အိပ်နေတာဆို ပြန်အိပ်တော့လေ ကိုယ်ဖုန်းချလိုက်တော့မယ် "

" ဟင့်အင်း "

" လူကြီးကို လွမ်းလို့ "

သူလေးစကားတွေကြား လမ်းပျောက်တာလဲ ခဏခဏ ။ တဖြည်းဖြည်းနဲ့ Jiminဆိုတဲ့ ဝင်္ကပါလေးထဲ ပိတ်မိနေပြီ။

တစ်ခဏချင်း တိတ်ဆိတ်သွားတဲ့ ဖုန်းလိုင်း..
Jimin အိပ်ချင်မူးတူးဖြင့် ဖုန်းကို စိုက်ကြည့်နေမိတယ်။

ဘာဖြစ်သွားတာလဲ !

လူကြီးက စိတ်ဆိုးတာလား...

တောင်!

ဖုန်းထဲဝင်လာတဲ့စာက

* အိမ်ရှေ့ရောက်နေတယ် ထွက်ခဲ့! *

_🌸

" ဒီလောက်အေးစက်နေတာကို ရောက်‌လာသေးတယ် "

" လူကြီး တော်တော်ဆိုး "

အအေးဒဏ်ကို အံတုနေတဲ့ နှစ်ယောက်မှာ နှာခေါင်းနဲ့နှုတ်ခမ်းလေးတွေကတော့ နီရဲနေကြလေပြီ ။

🌸ဆာကူရာရဲ့စကားသံ🌸 (Completed)Where stories live. Discover now