K🌸 U

114 20 0
                                    

အကြောင်းစုံကို သိချင်တာကြောင့် သတ္တိမွေးလိုက်တဲ့တစ်ခဏ။

လက်တစ်စုံက ဖုန်းစခရင်မ်ပေါ်မှာ..

အသိဆီကရတဲ့ ဖုန်းနံပါတ်တစ်ခု... Contactမှတစ်ဆင့် Jihun hyungဆီ.။

" ကျွန်တော်သိချင်တာတွေရှိလို့ "

" တွေ့လို့ရမလား hyung "

_🌸

စားပွဲပေါ်တင်ထားတဲ့ လက်နှစ်ဖက်လုံး တုန်ရီနေတဲ့အထိ။

သူ့ရှေ့က Jihun hyung ကတော့ ခံစားချက်မရှိ တည်ငြိမ်လွန်းတယ်။

အားလုံးသိပြီးတဲ့အချိန်ကျမှ ငါဘာလို့မေးခဲ့မိတာလဲ ဖြစ်ရပြန်တယ်။

နာကျင်တယ် !

ဝမ်းနည်းတယ် !

အားလည်းနာတယ် !

ဘာလို့ သူ့ကျမှ ဒီလိုကိစ္စနဲ့ လာပက်သက်နေမိတာလဲ !

အခုချိန်ပြောနိုင်တာတစ်ခုက

" တောင်းပန်ပါတယ် ! "

" စိတ်မကောင်းပေမဲ့ "

" ပြန်ပေးဆပ်နိုင်အောင်ကြိုးစားပါ့မယ် hyung"

" မင်းပြန်ပေးဆပ်တော့ရော အရာအားလုံး အရင်လိုပြန်ဖြစ်မှာ မို့လို့လား "

" မဖြစ်နိုင်တာတွေ မပြောစမ်းပါနဲ့ "

" မင်းမလုပ်ပေးနိုင်ဘူး "

တုံ့ပြန်စရာအဖြေစကားမဲ့သည့်အခါ ဆောက်တည်ရာမရတော့တဲ့ Jimin က

" ခွင့်လွှတ်ပေးပါ "

အတိတ်ကိုပြန်တွေးပြီး နာကျင်နေပုံရတဲ့ Jihunအတွက်လဲ လွယ်ကူနေသည်တော့မဟုတ်။

" 2နှစ်ဆိုတဲ့ကာလအတွင်းမှာ ငါ့စိတ်တွေကိုပြန်အဖက်ဆယ်ခဲ့ပြီးပြီ "

" ဒါပေမဲ့ Yoongi ကတော့မတူဘူး "

" အဲ့ဒါကို မင်းသိထားသင့်တယ် "

" နောက်ပြီး... သေချာစဉ်းစားဆုံးဖြတ်ပါ "

" တစ်ဖက်က မင်းချစ်သူ တစ်ဖက်က မင်းရဲ့အဖေ နှစ်ယောက်လုံးကမင်းချစ်ရတဲ့သူတွေချည်းပဲ "

_🌸

အပြန်လမ်းတစ်လျှောက် ပူနေတဲ့ရင်ကို ဖိလျက်။

🌸ဆာကူရာရဲ့စကားသံ🌸 (Completed)Where stories live. Discover now