SAKURA🌸 U

118 17 0
                                    

ရက်အနည်းငယ်ကြာတော့ Jiminဆေးရုံကဆင်းဖို့ဖြစ်လာတယ် ။

ခွဲစိတ်ပြီး ပုံမှန် 10 ရက်နေရပေမဲ့ သူကတော့ 7ရက်နဲ့ ဆေးရုံဆင်းခဲ့တယ် ။

ဆရာဝန်ဆီက ခွင့်ပြုချက်ကိုတောင်းပြီးတော့ Jihun hyungကို နှုတ်ဆက်ပြီး ပစ္စည်းတွေအကုန်သိမ်းလိုက်တာ ချက်ချင်း။

စောင့်ကြည့်အခြေအနေက ကင်းလွတ်သွားပြီဖြစ်တဲ့ Yoongi မသိခင် သူမြန်မြန်ထွက်သွားရမှာပဲလေ။

5ရက်လောက်နဲ့ ထွက်သွားဖို့လုပ်ပေမဲ့ သူ့အခြေအနေကို ဆရာဝန်က သေချာချင်သေးတယ် ဆိုတာကြောင့် ထပ်နေလိုက်ရသည်။

ကိုယ်မသွားခင်လေး Yoongiကိုတွေ့ချင်တာကြောင့် ဆေးရုံပန်းခြံဘက်ကို ထွက်လာခဲ့တယ်။

ဒီအချိန်ဆို Yoongiက လေညင်းခံထွက်နေကျ။

သက်သာနေပြီဆိုသော်ငြား လူနာအဖြစ်ခံစားခဲ့ရတာမို့ Jiminရဲ့ ဖြူဖျော့ဖျော့ နှုတ်ခမ်းပါးတွေ ၊ အညိုရောင်သမ်းနေတဲ့ မျက်ဝန်း ၊ တစ်ချက်တစ်ချက် လည်ပင်းဆီမှ ယားယံမှုကြောင့် ချောင်းတချို့ကအနှောင့်အယှက်ဖြစ်ရသည်။

ခုံတန်းလေးပေါ်ထိုင်ပြီး အဝေးကိုငေးကြည့်နေတဲ့Yoongiကို ကိုယ်လည်းပဲ ငေးကြည့်နေရပြီမဟုတ်လား ။

ချစ်ခဲ့ပြီးတော့မှ မပိုင်ဆိုင်ရတော့မှန်းသိတော့ အားမလိုအားမရဖြစ်ခဲ့မိတာ အကြိမ်ကြိမ်။

ထပ်မတွေ့ရတော့ဘူးဆိုတဲ့အသိကြောင့် သစ်ပင်နောက်ကခိုးကြည့်နေရင်း မျက်ရည်ဥတွေက တလိမ့်လိမ့်ဖြင့်။

" ကျွန်တော် စိတ်ချပြီနော်... "

" ကောင်းကောင်းအသက်ရှင်ပြီး "

" ဘဝသစ် ထူထောင်ပါတော့...နှုတ်ဆက်ခဲ့တယ်"

ကိုယ်တိုင်က မစွန့်လွှတ်နိုင်တာ ဝဋ်ကြွေးတစ်ခု။

ဖြတ်ဖို့ခက်တယ် လူကြီး....

ဒါပေမဲ့ ကျွန်တော်တို့ ရေစက်က ဒီလောက်ထိပဲထင်တယ်....။

" အရမ်းချစ်တယ် Yoongi... "

စီးကျ‌နေတဲ့ မျက်ရည်တွေကို မဖယ်ရှားမိ။

အဲ့ဒီ့အစား ထိုနေရာကနေ အလျင်အမြန် ပြေးထွက်လာခဲ့မိတယ်။

ပစ္စည်းတွေယူကာ ဆေးရုံရှေ့ကိုအရောက် ကားတစ်စီးက အဆင်သင့် ။

🌸ဆာကူရာရဲ့စကားသံ🌸 (Completed)Where stories live. Discover now